Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force

နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့၏ လုပ်ငန်းတာဝန်များ

Functions & Duties

၁။    လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအနေဖြင့် သတင်းစုံစမ်းထောက်လှမ်းရေး၊ နယ်မြေ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊နယ်စပ်လုံခြုံရေးစောင့်ကြည့်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီး နှိမ်နင်းရေး၊ အကြမ်းဖက်နှိမ်နင်းရေး၊ အဓိကရုဏ်းနှိမ်နင်းရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်နိမိတ် ထိန်းသိမ်းစောင့်ကြပ်ရေးနှင့် နယ် မြေခံတပ်နှင့် ပူးပေါင်းဆောင်ရွက်ရခြင်း။
၂။    လူဝင်မှုကြီးကြပ်ရေးဌာန၏ လုပ်ငန်းတာဝန်များအနေဖြင့် လူဝင်မှုကြီးကြပ်ရေး၊ တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်ရောက်မှုများ တားဆီးနှိမ်နင်းရေး၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် လူဦးရေတိုးပွားမှု စောင့်ကြပ် ဆောင်ရွက်ရခြင်း။
၃။    အကောက်ခွန်နှင့်ကုန်သွယ်ရေးလုပ်ငန်းတာဝန်များအ နေဖြင့် အကောက်ခွန်နှင့် ကုန်သွယ်မှုလုပ်ငန်းများကြီး ကြပ်ရေး၊ တရားမဝင်ကုန်သွယ်မှု တားဆီးနှိမ်နင်းရေးနှင့် တရားမဝင်ကုန်ပစ္စည်းများ ဖော်ထုတ် ဖမ်းဆီးရေးတို့ ဆောင်ရွက်ရခြင်း။
၄။    နယ်ဘက်အုပ်ချုပ်ရေးလုပ်ငန်းတာဝန်များအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး၊ နယ်ဘက်နှင့်နယ်မြေ လူထုအုပ်ချုပ်ရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် ရှာဖွေကယ်တင်ရေး၊ အမျိုးသားအဆင့် ဘေးအန္တရာယ် တုံ့ပြန်ရေးတို့ ဆောင်ရွက်ရခြင်း။
၅။    နှစ်နိုင်ငံဆက်ဆံရေးလုပ်ငန်းတာဝန်များအနေဖြင့် နိုင်ငံတကာဥပဒေနှင့် ထုံးတမ်းများအား လေးစား လိုက်နာရေး၊ နှစ်နိုင်ငံချစ်ကြည်မှု တိုးတက်ကောင်းမွန်ရေးနှင့် နှစ်နိုင်ငံဆက်ဆံမှုအတွက် ညှိနှိုင်း ဆောင်ရွက်ရခြင်း။