Functions & Duties
၁။ ရဲချုပ်၏ သဘောတူညီချက်ဖြင့် ထောက်ပံ့ဆိုင်ရာ မူဝါဒ စည်းမျဉ်းများ သတ်မှတ် အကောင်အထည်ဖော် ဆောင် ရွက်ခြင်း။
၂။ ထောက်ပံ့ဌာနကို ဖွဲ့စည်းပုံနှင့်အညီ ဖွဲ့စည်းတာဝန်ခွဲဝေချထားပြီး ထောက်ပံ့ဌာန၏ အုပ်ချုပ်မှုကိစ္စအဝဝကို တာဝန်ခံဆောင်ရွက်ခြင်း။
၃။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ငွေကြေးဆိုင်ရာကိစ္စရပ်များကို ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ကြီးကြပ် ခြင်း။
၄။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ အဆောက်အဦများ ဆောက်လုပ်ထိန်းသိမ်းခြင်း၊ ကြီးကြပ်ကန့်သတ် ပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေး ယာဉ်များ၊ ရဲဝတ်တန်ဆာနှင့် အထွေထွေပစ္စည်းများ တောင်းခံ ဝယ်ယူခြင်း၊ သိုလှောင် ထိန်းသိမ်းခြင်းနှင့် ထောက်ပံ့ခြင်းဆိုင်ရာ ကိစ္စရပ်များအား ရဲချုပ်ထံ တင်ပြ အတည်ပြုချက် ရယူဆောင်ရွက်ခြင်းနှင့် လိုအပ်သော လုပ်ထုံးလုပ်နည်းများ ရေးဆွဲထုတ်ပြန်၍ ကြီးကြပ် ကွပ်ကဲခြင်း။