Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force

ရဲရေးဌာနကြီး၏ လုပ်ငန်းတာ၀န်များ

Functions & Duties

၁။    ရဲချုပ်၏ သဘောတူညီချက်ဖြင့် ရဲရေးဌာနဆိုင်ရာ မူဝါဒစည်းမျဉ်းများ သတ်မှတ်အကောင်အထည်ဖော် ဆောင် ရွက်ခြင်း။
၂။    ရဲရေးဌာနကို ဖွဲ့စည်းပုံနှင့်အညီ ဖွဲ့စည်းတာဝန်ခွဲဝေချထားခြင်း။
၃။    မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖွဲ့စည်းပုံနှင့်အညီ လိုအပ်သော အရာရှိနှင့် အရာရှိမဟုတ်သူများအား စုဆောင်းဖြည့် တင်းခြင်း။
၄။    မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖွဲ့စည်းပုံနှင့်အညီ အရာရှိများ၊ အရာရှိမဟုတ်သူများ၏ အင်အားမှတ်တမ်းများ ပြုစု ထိန်းသိမ်းရေး ကြပ်မတ်ကွပ်ကဲခြင်း။
၅။    မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရာထူးခန့်ထားခြင်း၊ ဆုပေးခြင်း၊ အဆင့် တိုးမြှင့်ခြင်း၊ လျော့ချခြင်း၊ ပြောင်းရွှေ့ခြင်း၊ အငြိမ်းစားပေးခြင်းနှင့်ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနှင့်အညီ အရေးယူခြင်းဆိုင်ရာလုပ်ငန်းများအား လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းကို ကြီးကြပ် ခြင်း။
၆။    မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်းများ စနစ်ကျနမှန်ကန်ရေးနှင့် စည်းကမ်းတိုးတက် ကောင်းမွန်ရေး အတွက် ရဲချုပ်၏ သဘောတူအတည်ပြုချက်ဖြင့် လိုအပ်သော လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို လက်ရှိအခြေအနေနှင့်ကိုက်ညီအောင် ရေးဆွဲထုတ် ပြန်ခြင်း။
၇။    မြန်မာနိုင်ငံရဲတပ်ဖွဲ့ သက်သာချောင်ချိရေးလုပ်ငန်းများ တိုးတက်ရေးနှင့် စည်းကမ်းတကျရှိရေးအတွက် စီစဉ် ကြပ်မတ်ခြင်း။