Functions & Duties
၁။ နိုင်ငံရေး၊ဘာသာရေး၊ ကျောင်းသား/သံဃာလှုပ်ရှားမှု၊ သောင်းကျန်းသူလှုပ်ရှားမှု သတင်း များစုဆောင်းခြင်း၊ တင်ပြခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း။
၂။ နိုင်ငံပိုင်အရေးကြီး အဆောက်အဦများ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံခြားသံတမန်များ၊ အစိုးရ ဘဏ္ဍာများ၊ လုံခြုံရေးကို စီမံဆောင်ရွက်ခြင်း။
၃။ နယ်မြေအလိုက် တပ်တည်/တပ်ဖြန့်နှင့် နယ်မြေလုံခြုံရေးကိစ္စရပ်များအား စီမံဆောင်ရွက်ခြင်း။
၄။ တိုက်ပွဲသတင်းများ၊ ထူးခြားဖြစ်စဉ်များအား စီမံကွပ်ကဲခြင်း။
၅။ ထောက်လှမ်းရေးသတင်းများ ထောက်လှမ်းရေးအစီရင်ခံစာများအား ရဲချုပ်ထံ တင်ပြခြင်း။
၆။ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့၏ မှုခင်းဆိုင်ရာဆက်စပ်လုပ်ဆောင်မှုများ၊ ဘာသာရေးအသင်း အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ၊ ကျောင်းသားများ၏ လုပ်ဆောင်မှုသတင်းများနှင့် ရေကြီးခြင်း၊ မီးလောင်ခြင်း၊ သဘာဝဘေးအန္တရာယ်သတင်းများ တင်ပြဆောင်ရွက်ခြင်း။
၇။ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး ကိစ္စရပ်များအား စစ်ဆေးကြပ်မတ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း။
၈။ ဖွဲ့စည်းရေးပိုင်းဆိုင်ရာကိစ္စရပ်များအား စီမံဆောင်ရွက်ပေးခြင်း။
၉။ နိုင်ငံတော်အကြီးအကဲများ၏ မူဝါဒနှင့်လုပ်ငန်းလမ်းညွှန်ချက်များအား ထပ်ဆင့် ညွှန်ကြား၍ ကြပ်မတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
၁၀။ ဦးစီးကြီးကြပ်ကန့်သတ်ပစ္စည်းများ ဖြည့်တင်းထောက်ပံ့ရာတွင် စိစစ်ကြပ်မတ်ခြင်း။
၁၁။ သေနတ်ကိုင်ဆောင်ခွင့်နှင့် လိုင်စင်ပါမစ်စစ်ဆေးရေးအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ လက်နက် ခဲယမ်းများ သိမ်းဆည်းအပ်နှံထုတ်ပေးခြင်းများကို စနစ်တကျဖြစ်စေရန် စီစဉ်ညွှန်ကြားခြင်း။
၁၂။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များအား ပြည်သူများ သိရှိနားလည်စေရန်အတွက် ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးအား စိစစ်ညွှန်ကြားခြင်း။
၁၃။ တပ်ဖွဲ့တွင် ဆက်သွယ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့လွယ်ကူစေရန် စီမံဆောင်ရွက်ခြင်း။
၁၄။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားသော မှုခင်းများ၏ သက်သေခံပစ္စည်းများအား ဓါတုဗေဒ စစ်ဆေးရေးဌာနမှ ထင်မြင်ချက်များအား စိစစ်သုံးသပ်ပေးခြင်း။
၁၅။ မှုခင်းဆိုင်ရာ DNA ဌာန၏ လုပ်ငန်းတာဝန်များအပေါ် ကြီးကြပ်ကွပ်ကဲခြင်း။