Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force

သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၏ လုပ်ငန်းတာ၀န်များ

Functions & Duties

၁။ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၏ လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာ၀န်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်ကာ နယ်မြေအခြေအနေနှင့်ကိုက်ညီစွာ စီမံချက်ရေးဆွဲ၍ စနစ်တကျ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ခြင်း။

၂။ သစ်တောနယ်မြေအတွင်း ရာဇ၀တ်မှုခင်းများ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ခြင်းနှင့် ဖြစ်ပွားသော မှုခင်းများအား စုံစမ်းဖော်ထုတ်၍ တရားစွဲတင်ပို့နိုင်ရေးလုပ်ငန်းများကို တာ၀န်ခံကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ခြင်း။

၃။ သစ်တောနယ်မြေအတွင်း သစ်များခိုးယူခြင်း၊ တရားမ၀င်သစ်ခွဲစက်များဖြင့် သစ်များခွဲယူဖျက်ဆီးခြင်း စသည့် သတင်းများအား စုံစမ်းပြီး စီမံချက်ချမှတ်ဖမ်းဆီးခြင်း။

၄။ သစ်တောလုံခြုံရေးနယ်မြေအတွင်း ဖြစ်ပွားသည့် အခြားပြစ်မှုကျူးလွန်မှုများအား သက်ဆိုင်ရာရဲတပ်ဖွဲ့ များသို့ အကြောင်းကြားခြင်းနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း။

၅။ သစ်တောနယ်မြေအတွင်း သစ်ခိုးယူသူများ၏ မှတ်တမ်း များပြုစုထားရှိခြင်း၊ သစ်တောနယ်မြေအတွင်း လူစုလူဝေးများဖြင့် သစ်များခိုးယူဖျက်ဆီးသူများအား မိမိအင်အားဖြင့် နှိမ်နင်းနိုင်ခြင်းမရှိသည့်အခါ နယ်မြေအတွင်း တိုင်းဒေသကြီး/ပြည်နယ်များမှ ပူးပေါင်းပါ၀င်ကူညီနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်သို့ တင်ပြဆောင်ရွက်ခြင်း။

၆။ ပြည်ထဲရေး၀န်ကြီးဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ၀န်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ညွှန်ကြား ချက်များကို ဆောင်ရွက်ခြင်း။

၇။ ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ၀န်ကြီးဌာန၏ ညွှန်ကြားချက်များအား အံ၀င်ခွင်ကျလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်သို့ တင်ပြ၍ လမ်းညွှန်မှုခံယူခြင်း။