Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force

အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏လုပ်ငန်းတာဝန်များ

Functions & Duties

၁။ အဝေးပြေးလမ်းတစ်လျှောက် ယာဉ်စည်းကမ်းထိန်းသိမ်းပေးခြင်း၊ လိုအပ်ချက်များ ကူညီပေးခြင်း၊ အမှုဖွင့် အရေးယူခြင်း။

၂။ ယာဉ်မတော်တဆမှုများ၊ ယာဉ်တိမ်းမှောက်မှုများနှင့် ယာဉ်ပျက်စီးမှုများရှိပါက သတ်မှတ်နေရာအရောက် ရွှေ့ပေးခြင်း၊ ဆယ်တင်ပေးခြင်းနှင့်အကူအညီပေးခြင်း။

၃။ ယာဉ်မတော်တဆမှုများ၊ ယာဉ်တိမ်းမှောက်မှုများဖြစ်ပွားပါက ဒဏ်ရာရရှိသူများအား ရှေးဦးပြုစု၍ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခြင်း။

၄။ သဘာဝဘေးအန္တရာယ်ကြောင့် လမ်းတံတားပျက်စီးမှုများရှိ/မရှိ စစ်ဆေးသတင်းပို့ခြင်း။

၅။ အဝေးပြေးလမ်းတစ်လျှောက် ဆက်သွယ်မှုမပြတ်တောက်စေရေး ကူညီစောင့်ရှောက်ပေးခြင်း။

၆။ လမ်းတစ်လျှောက် မသမာမှုများ၊ ဒုစရိုက်မှုများမဖြစ်စေရေး ကင်းလှည့်စောင့်ရှောက်ပေးခြင်း၊ ယာဉ်ဖြင့် လှည့်ကင်းတာဝန်ထမ်းဆောင်စေခြင်း။

၇။ အရေးကြီးပုဂ္ဂိုလ်ယာဉ်များ၊ အရေးကြီးပစ္စည်းသယ်ယာဉ်များ အန္တရာယ်ကင်းစွာသွားလာနိုင်ရေးအတွက် ရှေ့ပြေးလမ်းရှင်းဆောင်ရွက်ရာတွင် လက်ဆင့်ကမ်းကြိုဆို ပို့ဆောင်ပေးခြင်း။