Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force

ရဲရာထူးခန့်ဌာနကြီး၏ လုပ်ငန်းတာ၀န်များ

Functions & Duties

၁။      မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် လိုအပ်လျက်ရှိသော ရဲအရာရှိလောင်းများနှင့် အရပ်ဘက်ဝန်ထမ်း (အရာထမ်း)များ ခန့်ထားခြင်း။

၂။       မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ အရာရှိများအား အဆင့်တိုးမြှင့်ပေးခြင်း၊ အဆင့်လျော့ချခြင်းခံရသည့် အရာရှိ တပ်ဖွဲ့ဝင်များအား မူလရာထူးအဆင့်သို့ ပြန်လည်တိုးမြှင့်ရရှိရေး ဆောင်ရွက်ခြင်း။

၃။      မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ အရာရှိ တပ်ဖွဲ့ဝင်များအား အနေကြာနှစ်ကာလအလိုက် ပြောင်းရွှေ့ တာဝန်ချထားပေးခြင်းနှင့် တိုးချဲ့ဖွဲ့စည်းခွင့်ပြုသည့် တပ်ဖွဲ့ဝင်များနှင့် အထက်အကြီးအကဲများ၏ ခရီးစဉ်ညွှန်ကြားချက်များအရ အလိုအင်အားများ ဖြည့်တင်းပေးရေးကိစ္စရပ်များကိုလည်း ဆောင်ရွက်ခြင်း။

၄။      မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ အရာရှိများ၏ ကိုယ်ရေးမှတ်တမ်းဖိုင်နှင့် ကတ်များတွင် တပ်ဖွဲ့ဝင်များ၏ ကိုယ်ရေးအချက်အလက်များ ရေးသွင်းစေခြင်းနှင့်ကွန်ပျူတာတွင် ထည့်သွင်းဆောင်ရွက်ခြင်း။

၅။      မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ ရဲအရာရှိ ရဲမှုထမ်းဟောင်းများ၏ ကိုယ်ရေးမှတ်တမ်းဖိုင်၊ ကတ်များနှင့် ကွန်ပျူတာတွင် ထည့်သွင်းဆောင်ရွက်ထားရှိမှုများအား ထိန်းသိမ်းစောင့်ရှောက်ခြင်း။