Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force

စိုးဦး

အမည် စိုးဦး
အခြားအမည် -
အသက် ၃၃/2023 နှစ်
မိဘအမည် ဦးခင်မောင်ဇင်+ဒေါ်ပျော့
လူမျိုး/ဘာသာ ဗမာ/ဗုဒ္ဓ
မှတ်ပုံတင်အမှတ် -
အလုပ်အကိုင် ရေလုပ်ငန်း
နေရပ်လိပ်စာ စခန်းသစ်ရွာ၊ ကံမော်၊ ကျွန်းစုမြို့နယ်။
ကိုယ်ပုံသဏ္ဍာန်
အရပ် 5 ပေ ၆ လက်မ၊ ဆံပင်နက်/တို၊ နဖူးကျဉ်း၊ မျက်ခုံးပါး၊ မျက်လုံးနက်၊ နှာတံပေါ်၊ ပါးစပ်သင့်၊ နားရွက်ကြီး/ကား၊ မျက်နှာရှည်၊ အသားညို၊ ယာလက်မောင်းငါးကြင်းပုံဆေးမှင်ရှိ။
အမှုအကျဉ်း
အမှုမှာ ၁၉-၆-၂၀၂၁ ရက် ၂၂၀၀ အချိန် တရားလိုသည် လက်ဖက်ရည်ဆိုင်အားပိတ်၍ ဇနီးဖြစ်သူနှင့် အတူ နေအိမ်ဈေးဆိုင်အောက်ထပ်ရှိ ကောင်တာစားပွဲခြေရင်း၌အိပ်၍ အလုပ်သမား ၃ ဦးမှာ နေအိမ်အပေါ် ထပ်၌ ညအိပ်ခဲ့ကြပြီး ၂၀-၆-၂၀၂၁ ရက် ၀၄၀၀ အချိန် အိပ်ယာမှထစဉ် ကောင်တာစားပွဲအံဆွဲအတွင်း သော့ ခတ်သိမ်းဆည်းထားသော ငွေ(၁၂)သိန်းကျပ်မှာ ပျောက်ဆုံးနေကြောင်းတွေ့ရှိ၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးငယ် အား အကြောင်းကြားပြီး ဦးမျိုးငယ် မှ နာမည်ပျက်ရှိသူ စိုးဦး အား ခေါ်ယူစစ်မေးရာ စိုးဦး မှာ တစ်ရွာတည်းနေ မင်းလတ် နှင့်အတူ ငွေများအားခိုးယူခဲ့ကြောင်း ပြောပြသိရှိရသဖြင့် ၎င်းတို့ ၂ ဦးအား ကျွန်းစုမြို့နယ်၊ ကံမော်နယ်မြေရဲစခန်း၊ (ပ)၁၇/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၁၁၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိပါသည်။ အမှုမှ တရားခံ စိုးဦး အား အမှုစစ် ဒုရဲအုပ် ခင်မောင်လွင် မှ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၁၁၄/ကျင့် ၅၁၂ အရ ကျွန်းစုမြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ရာဇဝတ်အထွေထွေမှုအမှတ် ၃၀/ 202၂ ဖြင့် လက်ခံစစ်ဆေး၍ ၂၂-၈-၂၀၂၂ ရက်တွင် တရားခံ စိုးဦး အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ ထုတ်ဆင့်အတည်ပြုပြီး တရားခံပြေးအဖြစ် ကြော်ငြာထားသော အမှုဖြစ်ပါသည်။
တရားခံပြေးသွားလာတတ်သောနေရာများ
၁။ ဦးခင်မောင်ဇင်၊ (ဘ)ဦးမောင်ဝင်း၊ စခန်းသစ်ရွာ၊ ကျွန်းစုမြို့နယ်။ (ဖခင်)
Have information? ☎ 199