Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force

ထက်လင်း

အမည် ထက်လင်း
အခြားအမည် ဝတုတ်
အသက် ၂၁/2023 နှစ်
မိဘအမည် ဦးစင်းလုံ+ဒေါ်ရှုံကျင်းလျန်
လူမျိုး/ဘာသာ ကိုးကန့်+ဗမာ/ဗုဒ္ဓ
မှတ်ပုံတင်အမှတ် -
အလုပ်အကိုင် -
နေရပ်လိပ်စာ မ/၁၆၀၉၊ လမ်း(၄၅)၊ ရပ်ကွက်(၅)၊ နယ်မြေ (၁၂)၊ လားရှိုးမြို့။
ကိုယ်ပုံသဏ္ဍာန်
အရပ် 5 ပေ ၆ လက်မ၊ ဆံပင်နက်/တို၊ နဖူးကျဉ်း၊ မျက်ခုံးပါး၊ မျက်လုံးမှေး၊ နှာခေါင်းလုံး၊ ပါးစပ်ကျဉ်း၊ နားရွက်ကြီး/ကား၊ မျက်နှာဝိုင်း၊ အသားဖြူ။
အမှုအကျဉ်း
အမှုမှာ ၉-၁၁-၂၀၂၂ ရက် ၂၂၃၀ အချိန် အမှတ်(၃၅)မူးယစ်တပ်ဖွဲ့စု၊ မြိတ်မှ ရဲမှူး ဆန်းညွန့်အောင် ဦးစီးအဖွဲ့သည် သမုတ်ကျေးရွာအုပ်စု၊ လေကယ်ရွာအနီးတွင် နွံနစ်နေသည့် ၆ ဘီးယာဉ်ပေါ်မှ မသင်္ကာဖွယ် ရာ အထုပ်များချနေကြောင်း သတင်းအရသွားရောက်စစ်ဆေးစဉ် ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ခင်ကျော်နိုင် အားဖမ်းဆီးရမိပြီး ယာဉ်ပေါ်မှ ICE စုစုပေါင်း ၄၁ အိတ်၊ အလေးချိန် ၁၀၀၀ ကီလိုအား တွေ့ရှိ သိမ်းဆည်းရမိပြီး ဆက်လက်စုံစမ်းရာ ဖမ်းဆီးစဉ်ကထွက်ပြေးသွားသည့် ဘောမ်ထန်၊ ရှရွယ်၊ ဘောမ်ဇုန်း တို့ ၃ ဦးအား မြိတ်မြို့၊ အမှတ်(၁)တံတားအနီးတွင်လည်းကောင်း၊ ဇော်တွယ် နှင့် လွမ်းဟူ တို့ ၂ ဦးအား ကလွင် ရပ်ကွက်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့၏ထွက်ဆိုချက်အရ လောက်ဆီ နှင့် ခေါင်နော် တို့မှ ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်မောင်းခများအား ဇော်ဂျီ၊ ကောင်းချင့်၊ လျှိုကြီး တို့မှပေးအပ်၍ ခိုင်းစေ ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူပေးရန် ရဲမှူး ဆန်းညွန့်အောင် မှ တရားလို ပြုလုပ်တိုင်တန်းခဲ့ရာ မြိတ်မြို့နယ်၊ သမုတ်နယ်မြေရဲစခန်း၊ မယ(ပ)၉/၂၀၂၂၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က) (ခ)/၂၂(က)/၂၁အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိပါသည်။ စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ တရားခံ ထက်လင်း(ခ)ဝတုတ် အား အမှုစစ် ရဲအုပ် ဝေဖြိုးအောင် မှ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)(ခ)/၂၂(က)/၂၁/ ကျင့် ၅၁၂ အရ မြိတ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ရာဇဝတ်အထွေထွေမှုအမှတ် ၁၈၃/202၂ ဖြင့် လက်ခံစစ်ဆေး၍ ၂၂-၁၂-၂၀၂၂ ရက်တွင် တရားခံ ထက်လင်း(ခ)ဝတုတ် အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ ထုတ်ဆင့်အတည်ပြုပြီး တရားခံပြေးအဖြစ် ကြော်ငြာထားသော အမှုဖြစ်ပါသည်။
တရားခံပြေးသွားလာတတ်သောနေရာများ
၁။ ဦးစင်းလုံ၊ (ဘ)ဦးလီရှောဆိုင်၊ ရပ်ကွက်(၅)၊ နယ်မြေ(၁၂)၊ လားရှိုးမြို့။ (ဖခင်)
Have information? ☎ 199