Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force

မင်းအောင်

အမည် မင်းအောင်
အခြားအမည် နဂ္ဂတစ်
အသက် ၃၉/2023 နှစ်
မိဘအမည် ဦးမောင်ဝ
လူမျိုး/ဘာသာ ဗမာ/ဗုဒ္ဓ
မှတ်ပုံတင်အမှတ် -
အလုပ်အကိုင် -
နေရပ်လိပ်စာ ကျုံကဒတ်ကျေးရွာ၊ သံဖြူဇရပ်မြို့နယ်။

ကိုယ်ပုံသဏ္ဍာန်
အရပ် ၅ ပေ ၆ လက်မခန့်၊ ဆံပင်နက်/တို၊ နဖူးကျယ်၊ မျက်ခုံးထူ၊ မျက်လုံးကျယ်၊ နှာခေါင်းပွ၊ ပါးစပ်သင့်၊ နားရွက်ကြီး၊ မျက်နှာဝိုင်း၊ အသားမဲ၊ ယာမျက်ခုံးအောက်မှဲ့ရှိ။
အမှုအကျဉ်း
အမှုမှာ ၁၇-၈-၂၀၂၂ ရက် ၁၉၁၅ အချိန် ဒုရဲမှူး မိုးမြင့် သည် သံဖြူဇရပ်မြို့မရဲစခန်းမှူး တာဝန် ဆောင်ရွက်နေစဉ် ရဲစခန်းသို့ အကြမ်းဖက်အဖွဲ့မှ ဆိုင်ကယ် ၂ စီး လူ ၃ ဦးဖြင့် လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အလောင်းတစ်လောင်း၊ ဆိုင်ကယ်တစ်စီး၊ သေနတ်တစ်လက်၊ (.၂၂)ကျည် ၂၃ တောင့်၊ ဓါးမြှောင်တစ်ချောင်းတို့အား သိမ်းဆည်းရမိသဖြင့် သေမှုသေခင်းအမှတ်စဉ် ၁၄/၂၀၂၂ ဖြင့် ဖွင့်လှစ်စစ်ဆေးခဲ့ ရာ သေဆုံးသူမှာ သံဖြူဇရပ်မြို့၊ ကြာကန်ရပ်ကွက်နေ ဟန်စိန် ဖြစ်ပြီး သံဖြူဇရပ် PDF အဖွဲ့၊ TPDF အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်းသိရှိရ၍ ဟန်စိန် ၏နေအိမ်သို့ သွားရောက်ရှာဖွေရာ ကျည် ၁၀ တောင့်နှင့် ဒီတိုနေတာ ၉ ချောင်းတို့အား ထပ်မံသိမ်းဆည်းရရှိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူပေးပါရန် ဒုရဲမှူး မိုးမြင့် မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ သံဖြူဇရပ်မြို့မရဲစခန်း၊ (ပ)၁၅၈/၂၀၂၂၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ဈ)/၅၁(ဂ)/၅၂(က) အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိပါသည်။ စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ တရားခံ မင်းအောင်(ခ)နဂ္ဂတစ် အား အမှုစစ် ဒုရဲမှူး မိုးမြင့် မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)/၅၁(ဂ)/၅၂(က)/ကျင့် ၅၁၂ အရ ရေးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ရာဇဝတ်အထွေထွေမှု အမှတ် ၇၇/၂၀၂၂ ဖြင့် လက်ခံစစ်ဆေး၍ ၂၃-၁၂-၂၀၂၂ ရက်တွင် တရားခံ မင်းအောင်(ခ)နဂ္ဂတစ် အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ ထုတ်ဆင့်အတည်ပြုပြီး တရားခံပြေးအဖြစ် ကြော်ငြာထားသော အမှု ဖြစ်ပါသည်။
တရားခံပြေးသွားလာတတ်သောနေရာများ
၁။ ဦးမောင်ဝ၊ ကျုံကဒတ်ကျေးရွာ၊ သံဖြူဇရပ်မြို့နယ်။ (ဖခင်)
Have information? ☎ 199