Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force

သန်လျင်

အမည် သန်လျင်
အခြားအမည် အောင်အောင်
အသက် ၂၇/2023 နှစ်
မိဘအမည် ဦးမြရွှေ+ဒေါ်နှင်းရီ
လူမျိုး/ဘာသာ ဗမာ/ဗုဒ္ဓ
မှတ်ပုံတင်အမှတ် -
အလုပ်အကိုင် ကျပန်း
နေရပ်လိပ်စာ နဘဲကန်ကျေးရွာ၊ တောင်သာမြို့နယ်။

ကိုယ်ပုံသဏ္ဍာန်
အရပ် ၅ ပေ ၇ လက်မခန့်၊ ဆံပင်နက်/တို၊ နဖူးကျယ်၊ မျက်ခုံးထူ၊ မျက်လုံးနက်၊ နှာခေါင်းပွ၊ ပါးစပ်သင့်၊ နားရွက်ကား၊ မျက်နှာဝိုင်း၊ အသားမဲ။
အမှုအကျဉ်း
အမှုမှာ ၂၁-၂-၂၀၂၂ ရက် ၀၇၀၀ အချိန်ခန့် တောင်သာမြို့နယ်၊ လက်သဲကျင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောသက်ဝင်း သည် နေအိမ်အဖီတဲတွင် ထိုင်နေစဉ် အမည်မသိအမျိုးသား ၂ ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိ လာပြီး စပါးကြိတ်ချင်ကြောင်းပြောသဖြင့် ဦးစောသက်ဝင်း မှ ခြံဝန်းတံခါးဖွင့်ပေးပြီး နေအိမ်ဘက်သို့ပြန်ဝင် စဉ် အမည်မသိအမျိုးသား ၂ ဦးမှ ဦးစောသက်ဝင်း အား သေနတ်ဖြင့်ပစ်ခတ်ပြီး ဆိုင်ကယ်မောင်းနှင်ထွက် ပြေးသွားကြောင်း အခင်းဖြစ်ရပ်အနီးရှိ ဒေါ်သိန်းလှ ၏ပြောပြချက်အရသိရှိရသဖြင့် ဥပဒေအရအရေးယူပေး ရန် ဦးစောသက်ဝင်း ၏ သားဖြစ်သူ ခန့်စည်သူ မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ တောင်သာမြို့မရဲစခန်း၊ (ပ)၁၄/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိပါသည်။ စစ်ဆေးပေါ် ပေါက်ချက်အရ အမှုမှ တရားခံ သန်လျင်(ခ)အောင်အောင် အား အမှုစစ် ဒုရဲမှူး သန်းဇော်ထိုက် မှ ရာဇသတ် ကြီးပုဒ်မ ၃၀၂/၁၁၄/ကျင့် ၅၁၂ အရ မြင်းခြံခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ရာဇဝတ်အထွေထွေမှုအမှတ် ၄၂/၂၀၂၂ ဖြင့် လက်ခံစစ်ဆေး၍ ၃၁-၁၀-၂၀၂၂ ရက်တွင် တရားခံ သန်လျင်(ခ)အောင်အောင် အား ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ ထုတ်ဆင့်အတည်ပြုပြီး တရားခံပြေးအဖြစ် ကြော်ငြာထားသော အမှုဖြစ်ပါသည်။
တရားခံပြေးသွားလာတတ်သောနေရာများ
၁။ ဒေါ်နှင်းရီ၊ (ဘ)ဦးသိန်းအောင်၊ နဘဲကန်ကျေးရွာ၊ တောင်သာမြို့နယ်။ (မိခင်)
Have information? ☎ 199