Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force

(စုံစမ်းဆဲ)

အမည် - (စုံစမ်းဆဲ)
အသက် - ၄၅နှစ်ခန့်
လူမျိုး/ဘာသာ - စုံစမ်းဆဲ
အလောင်းတွေ့သည့်ရက်/အချိန် - ၂၁-၃-၂၀၂၀ ရက်နေ့ (၂၂၃၀) အချိန်
အလောင်းတွေ့သည့်နေရာ - မြို့တွင်းကြီးရပ်ကွက်၊ စိတ္တသုခလမ်း၊ ယာဘက်ခြမ်း။
အလောင်းတွေ့ရှိအနေအထား - မှောက်လျက်အနေအထား
အလောင်းကိုယ်ပေါ်ရှိအဝတ်အစားများ - အဖြူရောင် အင်္ကျီလက်ရှည်နှင့် ပြာကွက်ကြားပုဆိုး။
သေဆုံးပုံအကြောင်းရင်း - အရက်အလွန်အကျွံမူးကာလဲကျထား၍ ရရှိသော ဒဏ်ရာဟုယူဆရ၍ နှုတ်ခမ်းဖူးရောင်ဒဏ်ရာ၊
ပါးစပ်မှသွားရည်များကျကာ မှောက်လျက်
အလောင်းကိုယ်ပုံသဏ္ဍာန် - အရပ် ၅ ပေ ၆ လက်မခန့်၊ ဆံပင်နက်/တို၊ နဖူးသင့်၊ မျက်ခုံးကောင်း၊ နှာတံပေါ်/ပွ၊ နှုတ်ခမ်းထူ၊ နားရွက်သင့်၊ အသားညို။
ထင်ရှားသောအမှတ်အသားများ - မရှိ
သေမှုသေခင်းအမှတ်စဉ် - ပဲခူးမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် (၈/၂၀၂၀)
အမှုဖွင့်ရက်စွဲ - ၂၂-၃-၂၀၂၀
အမှုအကျဉ်းချုပ် - အမှုမှာ ၂၁-၃-၂၀၂၀ ရက်နေ့ ၂၀၃၀ အချိန်ခန့်တွင် မြို့တွင်းကြီးရပ်ကွက်၊ ပန်းခြံကုန်း၊ စိတ္တသုခလမ်း၊ ယာဘက်ခြမ်းတွင် အမည်မသိအမျိုးသားတစ်ဦး သေဆုံး နေကြောင်း သတင်းအရ ပဲခူးမြို့မရဲစခန်းမှူး ဒုရဲမှူး နိုင်စိုး ဦးဆောင်သောအဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အမည်မသိ အမျိုးသားလူသေ အလောင်းအား မှောက်လျက်အနေအထားဖြင့်တွေ့ ရှိသဖြင့် ပဲခူးမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် (၈/၂၀၂၀) ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိသော အမှု ဖြစ်ပါသည်။
Have information? ☎ 199