ကြိမ်ဒဏ်ပေးခြင်း အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေပြဋ္ဌာန်း (၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၇။) ကြိမ်ဒဏ်ပေးခြင်း အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ (၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပ
ကြိမ်ဒဏ်ပေးခြင်း အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေပြဋ္ဌာန်း (၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၇။)
ကြိမ်ဒဏ်ပေးခြင်း အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ
(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၇။)
၁၃၇၆ ခုနှစ်၊ ဝါဆိုလုလဆန်း ၅ ရက်
(၂၀၁၄ ခုနှစ်၊ ဇူလိုင်လ်လ ၁ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို ကြိမ်ဒဏ်ပေးခြင်းအက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေဟု ခေါ်တွင် စေရမည်။
၂။ ကြိမ်ဒဏ်ပေးခြင်း အက်ဥပဒေ (The Whipping Act, 1909) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်