Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Human Trafficking

အင်ဒိုနီးရှားနိုင်ငံမှ ဒုတိယအကြိမ်မြောက် ပြန်လည်ရောက်ရှိလာသော မြန်မာရေလုပ်သား ၁၂၈ ဦးအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ငွေကျပ်တစ်သိန်းစီထောက်ပံ့

အင်ဒိုနီးရှားနိုင်ငံမှ ဒုတိယအကြိမ်မြောက် ပြန်လည်ရောက်ရှိလာသော မြန်မာရေလုပ်သား ၁၂၈ ဦးအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ငွေကျပ်တစ်သိန်းစီထောက်ပံ့ အင်ဒိုနီးရှားနိုင်ငံသို့ရောက်ရှိနေသည့် မြန

အင်ဒိုနီးရှားနိုင်ငံမှ ဒုတိယအကြိမ်မြောက် ပြန်လည်ရောက်ရှိလာသော မြန်မာရေလုပ်သား ၁၂၈ ဦးအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ငွေကျပ်တစ်သိန်းစီထောက်ပံ့

18.5

wnsdjfjsapovmsavjkpjm

အင်ဒိုနီးရှားနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာရေလုပ်သား ၅၃၅ ဦးအနက် ၁၂၈ ဦး အား ဒုတိယအကြိမ်မြောက်သွားရောက်ခေါ်ဆောင်ခဲ့ရာ မေ ၁၇ ရက် ည ၆နာရီ ၅၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
    ပြန်လည်ရောက်ရှိလာသော မြန်မာရေလုပ်သားများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး ရဲမှူးချုပ် ၀င်းနိုင်ထွန်း၊ လူမှု၀န်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယုယုဆွေ၊ ရန်ကုန်တိုင်းဒေသကြီး လူမှု၀န်ထမ်း တိုင်းဦးစီးမှူး ဦးတင်ဇော်မိုး၊ နိုင်ငံခြားရေး၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး၊ အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်)မှ ရဲမှူး ရဲ၀င်းအောင် ဦးစီးတပ်ဖွဲ့၀င်များ၊ ကမ္ဘောဇဘဏ်၊ IOM နှင့် World Vision တို့မှ တာ၀န်ရှိသူများမှ ပူးပေါင်းကြိုဆိုခဲ့ကြသည်။
    အဆိုပါရေလုပ်သား ၁၂၈ ဦးတို့အား ရန်ကုန်လူမှု၀န်ထမ်းအတတ်သင်သိပ္ပံကျောင်းသို့ တာ၀န်ရှိသူများမှခေါ်ဆောင်ခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ မြန်မာရေလုပ်သား တစ်ဦးစီအား ကူညီထောက်ပံ့သည့် ငွေကျပ်တစ်သိန်းစီကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ကိုယ်စား တွဲဖက်အတွင်းရေးမှူး ရဲမှူးချုပ်၀င်းနိုင်ထွန်းကလည်းကောင်း၊ ကမ္ဘောဇလေကြောင်းလိုင်းမှ ငွေကျပ်ငါးသောင်းစီနှင့် အင်္ကျီတစ်ထည်စီကိုလည်းကောင်း၊ IOM အဖွဲ့မှ ငွေကျပ်တစ်သောင်းစီ၊ MPT ဖုန်းကတ်တစ်ကတ်စီ၊ လက်ကိုင်ဖုန်းမရှိသူများအား လက်ကိုင်ဖုန်းတစ်လုံးစီနှင့် အပြန် ခရီးစရိတ် ကားခတို့ကိုလည်းကောင်း၊ World Vision မှ စားစရိတ်ကုန်ကျငွေကျပ်(၁၄)သိန်းကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးမှ ငွေကျပ်ငါးထောင်စီကိုလည်းကောင်း ရေလုပ်သားတစ်ဦးစီအား အခမ်းအနားဖြင့် ပေးအပ်ခဲ့သည်။
    ပြန်လည်ရောက်ရှိလာသော ရေလုပ်သား ၁၂၈ ဦးတွင် မွန်ပြည်နယ်မှ ၃၃ ဦး၊ ဧရာ၀တီ တိုင်းဒေသကြီးမှ ၂၁ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ၁၅ ဦးစီ၊ ကရင်ပြည်နယ်မှ ၁၂ ဦး၊ ရခိုင်ပြည်နယ်မှ ၉ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၂ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ၁ ဦးစီတို့ ဖြစ်ကြောင်း သိရသည်။
    မြန်မာရေလုပ်သား ၅၃၅ ဦးတွင် ဂျာကာတာ Shelter ရှိ ၁၄ ဦးအား IOM ၏ အကူအညီဖြင့် မေ ၉ ရက်နေ့တွင်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး Ambon မြို့ လ၀က အချုပ်ထောင်ရှိ မြန်မာရေလုပ်သား ၂၂ ဦးအား ထိုင်းငါးဖမ်းစက်လှေပိုင်ရှင်၏ စရိတ်ဖြင့် ပြန်လာမည်ဖြစ်သည်။
Tual မြို့တွင် စောင့်ရှောက်ထားသော မြန်မာရေလုပ်သား ၃၀၀ နှင့် Benjina ကျွန်းမှ မြန်မာရေလုပ်သား ၁၉၉ ဦး(မပြန်လိုသူ ၃ ဦးအပါအ၀င်) စုစုပေါင်း ၄၉၉ ဦးတို့အား မြန်မာအစိုးရ၏ အစီအစဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခြင်းဖြစ်ရာ မေ ၁၄ ရက်က ပထမအကြိမ် မြန်မာရေလုပ်သား ၁၂၅ ဦး ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး ယခုဒုတိယအကြိမ် ၁၂၈ ဦး ပြန်လည်ခေါ်ဆောင်ခြင်းဖြစ်သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၊ Ambon မြို့၊ Tual ကျွန်း၊ Dobo ကျွန်း၊ Benjina ကျွန်းများသို့ သွားရောက်ကာ မြန်မာရေလုပ်သားများ၏ ကိုယ်ရေးအချက်အလက်များကောက်ယူခြင်း၊ နိုင်ငံသားစိစစ်မှုလုပ်ငန်းများ ပြုလုပ်ခြင်းတို့ကို မြန်မာသံရုံးမှ တာ၀န်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် အင်ဒိုနီးရှားနိုင်ငံ တာ၀န်ရှိသူများ၊ IOM, AAPTIP တို့မှ တာ၀န်ရှိသူတို့က ကူညီပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့အတွက် ကုန်ကျစရိတ်များနှင့် နည်းပညာပံ့ပိုးမှုကို AAPTIP, UN-ACT, World Vision, IOM နှင့် HTWG တို့မှ ပံ့ပိုးကူညီမှုပေးခဲ့သည်။
    သွားရောက်ခေါ်ယူရန်ကျန်ရှိနေသော မြန်မာရေလုပ်သားများအား မေ ၂၂ ရက်တွင် တတိယအကြိမ် သွားရောက်ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။