ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးမှု အန္တရာ
ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးမှု အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ် များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီမှ ၂ နာရီအချိန်ထိ ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့၊ ရပ်ကွက်(၅)ရှိ လီဆူးနှစ်ခြင်းခရစ်ယာန်ကျောင်း၌ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် အမှတ်(၁၂)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(မြစ်ကြီးနား)၏ ကွပ်ကဲမှုအောက်ရှိ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(လွယ်ဂျယ်)မှ ဒုတိယရဲအုပ် မျိုးမင်းအောင် က ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းနှင့် ကြုံတွေ့နိုင်သည့်အခက်အခဲများ၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ရာမှ လူကုန်ကူးခံရနိုင်ဖွယ် အခြေ အနေများ၊ လူကုန်ကူးမှု/လူမှောင်ခိုမှု အကြောင်းအရာများ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုဆောင်ရွက် ချက်များ၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးမှုပုံစံအမျိုးမျိုးနှင့် လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနှင့်ပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့တက်ရောက်လာသည့် ရပ်ကွက်နေ ပြည်သူ(၁၅၀)ဦး တို့အား ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။