ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲ
ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးမှု အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ် များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်မှ မွန်းတည့် ၁၂ နာရီအချိန်ထိ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် အမှတ်(၄)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(လွိုင်ကော်)မှ ဒုတိယရဲအုပ် ကျော်ဆန်း က ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ခြင်းကြောင့် ကြုံတွေ့နိုင်သည့်အခက်အခဲများ၊ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ရာမှ လူကုန်ကူးခံရနိုင်ဖွယ်အခြေအနေများ၊ ကမ္ဘာ့နိုင်ငံများနှင့် မြန်မာနိုင်ငံတွင် ကြုံတွေ့ ရင်ဆိုင်နေရသော လူကုန်ကူးမှုပြဿနာများ၊ မြန်မာနိုင်ငံ၏လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှုနှင့်လူမှောင်ခိုမှုတို့၏ ကွဲပြားမှုနှင့်အင်္ဂါရပ်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေနှင့် ဆက်စပ်ဥပဒေများ၊ လူကုန်ကူးမှု/လူမှောင်ခိုမှုအကြောင်းအရာများ၊ လူကုန်ကူးမှုပုံစံအမျိုးမျိုးနှင့်လူကုန်ကူးမှုဖြစ်စဉ်များ၊ ပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ပြီး ဟောပြောပွဲသို့တက်ရောက်လာသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း(၂၁၇)ဦးတို့အား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။