ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်
ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးမှု အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ် များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့ နေ့လယ် ၁ နာရီမှ ၂ နာရီ ၃၀ မိနစ်အချိန်ထိ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် အမှတ်(၉)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(မော်လမြိုင်)မှ ရဲအုပ် ကျော်သူလွင် က ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ခြင်းနှင့် ပတ်သက်၍ ကြုံတွေ့နိုင်သည့်အခက်အခဲများ၊ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရွှေ့ပြောင်းသွား လာလုပ်ကိုင်ရာမှ လူကုန်ကူးခံရနိုင်ဖွယ်အခြေအနေများ၊ အဓမ္မလုပ်အားခိုင်းစေခြင်းအကြောင်း၊ လူကုန်ကူးမှု/ လူမှောင်ခိုမှုတို့၏ ခြားနားချက်နှင့် အဓိပ္ပါယ်သတ်မှတ်ချက်များ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှု ပုံစံအမျိုးမျိုးနှင့် လူကုန်ကူးမှု ဖြစ်စဉ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနှင့်ပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ပြီး ဟောပြောပွဲသို့တက်ရောက်လာသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း(၂၈၂)ဦးတို့အား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။