Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Human Trafficking

ကျိုင်းတုံမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ကျိုင်းတုံမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးမှု အန္တရာယ်မှ ကင်းဝေ

ကျိုင်းတုံမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးမှု အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ် များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်မှ ၂ နာရီ ၄၅ မိနစ်အချိန်ထိ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ ရပ်ကွက်(၅)၊ ယန်းခမ်း(လ)ကျေးရွာ၌ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် အမှတ်(၁၈)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ ရဲအုပ် ဇော်မိုးခိုင် က ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းဆိုင်ရာ အကြောင်းအရာများ၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းကြောင့် တွေ့ကြုံနိုင်သည့်အခက်အခဲများ၊ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုတို့၏ ကွဲပြားမှုနှင့်အင်္ဂါရပ်များ၊ မြန်မာနိုင်ငံတွင် ကြုံတွေ့ရင်ဆိုင်နေရသော လူကုန်ကူးမှုပြဿနာများ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနှင့်ပြစ်ဒဏ်များ၊ လူကုန်ကူးမခံရစေရေး ကြိုတင်သိရှိပြင်ဆင်ထားရမည့်အချက်များ၊ လူကုန်ကူးမှုဖြစ်စဉ်များ အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျေးရွာနေ ပြည်သူ(၈၀)ဦးတို့အား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။