Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Human Trafficking

ပွင့်ဖြူမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ပွင့်ဖြူမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးခံရမှု အန္တရာယ်မှ ကင်းဝ

ပွင့်ဖြူမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးခံရမှု အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ် များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်မှ ၁၁ နာရီ ၁၅ မိနစ်အချိန်ထိ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ ယောစုကျေးရွာ၌ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲတွင် အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မကွေး)မှ ရဲမှူး ရွှေဆည်မောင် က လူကုန်ကူးမှု/လူမှောင်ခိုမှုဆိုင်ရာအကြောင်းအရာများ၊ တရားမဝင်ရွှေ့ပြောင်း သွားလာမှုကြောင့်ဖြစ်ပေါ်လာသည့် လူကုန်ကူးမှုအန္တရာယ်နှင့် ဆိုးကျိုးများအကြောင်း၊ ရွှေ့ပြောင်း သွားလာလုပ်ကိုင်ခြင်းနှင့်ပတ်သက်၍ တွေ့ကြုံနိုင်သည့်အခက်အခဲများ၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆောင်ရွက်ချက်များ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေနှင့်ပြစ်ဒဏ်များ၊ လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးသူများအသုံးပြုသည့် နည်းလမ်းများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့တက်ရောက်လာသည့် ကျေးရွာနေ ပြည်သူ(၆၂)ဦးအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။