ဝိုင်းမော်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးခံရမှု အန္တရာယ်မှ ကင
ဝိုင်းမော်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးခံရမှု အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ် များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်မှ ၂ နာရီ ၅၀ မိနစ်အချိန်ထိ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာ၊ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် အမှတ်(၁၂)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(မြစ်ကြီးနား)မှ ရဲအုပ် နေမျိုးခန့် က ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ သိမှတ် ဖွယ်ရာများ၊ မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသော လူကုန်ကူးမှုပြဿနာများ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆောင်ရွက်ချက်များ၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုတို့၏ ကွဲပြားမှုနှင့် အင်္ဂါရပ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနှင့် ပြစ်ဒဏ်များ၊ လူကုန်ကူးမခံရစေရေး ကြိုတင် သိရှိပြင်ဆင်ထားရမည့်အချက်များ၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းကြောင့် တွေ့ကြုံနိုင်သည့် အခက်အခဲများ၊ လူကုန်ကူးမှုဖြစ်စဉ်များအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျေးရွာနေပြည်သူ(၂၅၀)ဦးအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိသည်။