Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Human Trafficking

လွယ်ဂျယ်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

လွယ်ဂျယ်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးခံရမှု အန္တရာယ်မှ ကင်းဝေး

လွယ်ဂျယ်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးခံရမှု အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ် များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ မှ ၂ နာရီအချိန်ထိ ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့၊ အောင်ချမ်းသာရပ်ကွက်၊ လီဆူးနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းရှိ လီဆူးနယ်ရှောင်စခန်း၌ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲတွင် အမှတ်(၁၂)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မြစ်ကြီးနား)၏ကွပ်ကဲမှူအောက်ရှိ အမှတ်(၂)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(လွယ်ဂျယ်)မှ ရဲအုပ် ရဲနေဝင်းအောင် က ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသော လူကုန်ကူးမှုပြဿနာများ၊ မြန်မာ နိုင်ငံ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှု တို့၏ကွဲပြားမှုနှင့်အင်္ဂါရပ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနှင့် ပြစ်မှုဆိုင်ရာဥပဒေ တို့၏ ပြစ်မှု၊ ပြစ်ဒဏ်ကွာခြားချက်များ၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းကြောင့် တွေ့ကြုံနိုင်သည့် အခက်အခဲများ၊ လူကုန်ကူးမှုဖြစ်စဉ်များအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူ(၈၀)ဦးအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိသည်။