အမ်းမြို့စုပေါင်းစစ်ဆေးရေးဂိတ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီး
အမ်းမြို့စုပေါင်းစစ်ဆေးရေးဂိတ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးခံရမှု အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ် များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်မှ ၄ နာရီ ၁၀ မိနစ်အချိန်ထိ ရခိုင်ပြည်နယ်၊ အမ်းမြို့စုပေါင်း စစ်ဆေးရေးဂိတ်၌ အမှတ်(၅)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(စစ်တွေ)မှ တပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူ(၁၅၆)ဦးအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိသည်။