နေပြည်တော်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ် နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည
နေပြည်တော်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးခံရမှု အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ် များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်ထိ နေပြည်တော်၊ ပုဗ္ဗသီရိ မြို့နယ်၊ နဝဒေးရပ်ကွက်ရှိ အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်းနှင့် မွန်းလွဲ ၂ နာရီမှ ၃ နာရီ ၁၀ မိနစ်အချိန်ထိ ဇေယျသီရိမြို့နယ်၊ ကျည်တော်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့၌ ကျင်းပ ပြုလုပ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများတွင် အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(နေပြည်တော်)မှ ဒုတိယရဲမှူး မင်းနိုင်နှင့် ရဲအုပ် ရဲဝင်းလွင် တို့က ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းနှင့် ကြုံတွေ့နိုင်သည့် အခက်အခဲများ၊ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ရာမှ လူကုန်ကူးခံရနိုင်ဖွယ်အခြေအနေများ၊ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ကြိုတင်ပြင်ဆင် ထားသင့်သည့်အချက်များ၊ လူကုန်ကူးမှုနှင့်လူမှောင်ခိုမှု ကွဲပြားခြားနားပုံ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေနှင့်ပြစ်ဒဏ်များ၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှုဖြစ်စဉ်များနှင့် လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးသူများအသုံးပြုလေ့ရှိသည့် နည်းလမ်းများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့တက်ရောက်လာသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျေးရွာနေပြည်သူများ စုစုပေါင်း(၈၉၀)ဦးအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။