Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Human Trafficking

ကော့သောင်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်

ကော့သောင်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်   နေပြည်တော်၊  ဖေဖော်ဝါရီ  ၂၇ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတ

ကော့သောင်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်

27.2.2016-527.2.2016-6

 

နေပြည်တော်၊  ဖေဖော်ဝါရီ  ၂၇

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးခံရမှု အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ် များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီအချိန်ထိ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့နယ်၊ ခမောက်ကြီးမြို့၊ ယုဇနဆီအုန်းကုမ္ပဏီဝင်း၌ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ကော့သောင်း)မှ ဒုတိယရဲအုပ် ထွန်းသောင်း က ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းနှင့် ကြုံတွေ့နိုင်သည့် အခက်အခဲများ၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ရာမှ လူကုန်ကူးခံရနိုင်ဖွယ်အခြေအနေများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေနှင့်ပြစ်ဒဏ်များ၊ လူကုန်ကူးသူများ အသုံးပြုလေ့ရှိသည့် နည်းလမ်းများ အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့တက်ရောက်လာသည့် ကုမ္ပဏီဝန်ထမ်း များနှင့် ဆီအုန်းခြံလုပ်သားများ စုစုပေါင်း(၁၀၅)ဦးအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့သည့်အပြင် ယင်းနေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအချိန် ကော့သောင်းလေဆိပ်သို့ ရောက်ရှိလာသည့် ခရီးသွားပြည်သူ စုစုပေါင်း(၆၄)ဦးတို့အား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။