Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Human Trafficking

လူမှုရေးအခက်အခဲဖြစ်နေမှုအား အခွင့်ကောင်းယူ၍ တရုတ်အမျိုးသားတစ်ဦးထံ ရောင်းစားရန် စီစဉ်ဆောင်ရွက်သူများကို ဖော်ထုတ်အရေးယူ

လူမှုရေးအခက်အခဲဖြစ်နေမှုအား အခွင့်ကောင်းယူ၍ တရုတ်အမျိုးသားတစ်ဦးထံ ရောင်းစားရန် စီစဉ်ဆောင်ရွက်သူများကို ဖော်ထုတ်အရေးယူ နေပြည်တော်၊ မတ် ၁ မူဆယ်မြို့၊ တောင်ရပ်ကွက်၊ ချိုနမ်းချစ် လမ်းကြားရှိ အိမ်အမှတ

လူမှုရေးအခက်အခဲဖြစ်နေမှုအား အခွင့်ကောင်းယူ၍ တရုတ်အမျိုးသားတစ်ဦးထံ ရောင်းစားရန် စီစဉ်ဆောင်ရွက်သူများကို ဖော်ထုတ်အရေးယူ

1.3.2016-21.3.2016-31.3.2016-41.3.2016-5

နေပြည်တော်၊ မတ် ၁

မူဆယ်မြို့၊ တောင်ရပ်ကွက်၊ ချိုနမ်းချစ် လမ်းကြားရှိ အိမ်အမှတ်(တ/၃၇၇)တွင် လူကုန် ကူးမှုကျူးလွန်ရန် မသင်္ကာဖွယ်အမျိုးသမီး(၃)ဦးနှင့် တရုတ်နိုင်ငံသား(၁)ဦးတို့အား တွေ့ရှိကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် ရှမ်းပြည်နယ်၊ မူဆယ်မြို့မရဲစခန်း၏ အကြောင်းကြားချက်အရ အမှတ်(၁၇)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မူဆယ်)မှတပ်ဖွဲ့ဝင် များက သွားရောက်၍ အဆိုပါ မသင်္ကာသူများကို တပ်ဖွဲ့စုရုံးသို့ ခေါ်ဆောင်မေးမြန်းခဲ့သည်။

မေးမြန်းချက်များအရ အသက်(၁၆)နှစ်အရွယ် မ - - -သည် မိခင်ဖြစ်သူ လားရှိုး အကျဉ်းထောင်တွင် ထောင်ကျနေသဖြင့် မောင်ငယ်များ၏စားဝတ်နေရေးအတွက် မူဆယ်မြို့၊ တောင်ရပ်ကွက်၊ ချိုနမ်းချစ် လမ်းကြားရှိ အိမ်အမှတ်(တ/၃၇၇)တွင် အိမ်ဖော်လုပ်ကိုင်နေကြောင်း၊ ထိုသို့လုပ်ကိုင်နေစဉ် ယခင်က သိကျွမ်းသူ မနန်ခွမ်(ခ)မာကော့၊ မနန်ဘန်(ခ)ဘောက်လု တို့က တရုတ်ယောင်္ကျားယူပါက တရုတ်ငွေ ယွမ်(၃)သောင်းရရှိမည်၊ မောင်နှမများအား ထောက်ပံ့နိုင်မည့် အပြင် ထောင်ကျနေသော မိခင်ကိုလည်း သွားရောက်တွေ့ဆုံနိုင်မည်ဟု ဖုန်းဖြင့် ပြောဆိုစည်းရုံး သဖြင့် ၎င်းမှ သဘောတူခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၇ ရက် နံနက်တွင် မနန်ဘန်မှာ ၎င်းအလုပ် လုပ်သည့်အိမ်သို့ရောက်ရှိလာခဲ့ပြီး တရုတ်အမျိုးသားကို ခေါ်ဆောင်လာမည့် မနန်ခွမ်တို့နှင့် ''လမင်းထက်'' လက်ဖက်ရည်ဆိုင်၌ တွေ့ဆုံပေးမည်ဟုပြောဆိုကာ ပြန်ထွက်သွားကြောင်း၊ ၎င်းအလုပ်လုပ်သည့်အိမ်ရှင်နှင့် ခမည်းခမက်တော်စပ်သူ ဒေါ်ကော့မိုင် မှ မသင်္ကာဖြစ်ကာ မနန်ဘန် ထွက်သွားသည့်နောက်သို့ လိုက်ကြည့်ခဲ့ကြောင်း၊ လက်ဖက်ရည်ဆိုင်တွင် မနန်ဘန်အား အခြား အမျိုးသမီး(၂)ဦး၊ တရုတ်အမျိုးသား(၁)ဦးတို့နှင့်အတူ တွေ့ရှိသဖြင့် လူကြီးများနှင့်တွေ့ဆုံရန်ဟု ပြောဆိုကာ မနန်ဘန် တို့(၄)ဦးအား အိမ်သို့ခေါ်လာပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း မေးမြန်းသိရှိရသည်။

မေးမြန်းချက်များအရ လူမှုရေးအခက်အခဲဖြစ်နေသော မူဆယ်မြို့နေ အသက်(၁၆)နှစ်အရွယ် မ- - - အား တရုတ်ယောင်္ကျားနှင့်အိမ်ထောင်ပြုပါက တရုတ်ငွေ ယွမ်(၃)သောင်းရရှိမည်၊ မောင်နှမ များအား ထောက်ပံ့နိုင်မည့်အပြင် ထောင်ကျနေသော မိခင်ကိုလည်း သွားရောက်တွေ့ဆုံနိုင်မည်ဟု ပြောဆို စည်းရုံး၍ တရုတ်ယောင်္ကျားတစ်ဦးထံ ရောင်းစားရန် စီစဉ်ဆောင်ရွက်သူ မြန်မာနိုင်ငံသား မူဆယ်မြို့နေ မနန်ခွမ်(ခ)မာကော့(၃၁)နှစ်၊ မနန်ဘန်(ခ)ဘောက်လု(၁၈)နှစ်၊ မအောင်အေး(ခ) အေကွယ်(ခ)အားလီ(ခ)ဝမ်အိုက်(၂၄)နှစ်(တရုတ်နိုင်ငံသားနှင့် အိမ်ထောင်ကျသူ)နှင့် တရုတ်နိုင်ငံ၊ ဟဲနန်ပြည်နယ်နေ ဝမ်ချိုက်မိန်း(၂၇)နှစ်တို့အား ဥပဒေအရ အရေးယူပေးရန် ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၁ နာရီ ၃ဝ မိနစ်အချိန်တွင် အမှတ်(၁၇)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မူဆယ်)မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မူဆယ်မြို့မရဲစခန်း(ပ)၁ဝ၅/၂ဝ၁၆၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)/ ၃၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။ 

အမှုမှ တရားခံ(၄)ဦးအား လူကုန်ကူးမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိသည့်အပြင် တရုတ် နိုင်ငံသား ဝမ်ချိုက်မိန်းသည် မြန်မာနိုင်ငံ၊ မူဆယ်မြို့သို့ လာရောက်ရာတွင် တရားဝင် လာရောက်ခြင်း ရှိ/မရှိ စုံစမ်းစစ်ဆေးလျက်ရှိပြီး တရားမဝင်လာရောက်ပါက လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။