Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Human Trafficking

ပခုက္ကူမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ပခုက္ကူမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်   နေပြည်တော်၊  မတ်  ၇ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ

ပခုက္ကူမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

 

နေပြည်တော်၊  မတ်  ၇

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူး ခံရမှုအန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူ များအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ်များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၃ နာရီအချိန်ထိ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ဒေါင်းလှရပ်၊ ရပ်ကွက်(၂)၌ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲတွင် အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မကွေး)မှ ရဲအုပ် လှိုင်မျိုးသန့် က ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းကြောင့် ကြုံတွေ့နိုင်သည့်အခက်အခဲများ၊ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ရာတွင် သိသင့်သိထိုက်သည့်အချက်များ၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ရာမှ လူကုန်ကူး ခံရနိုင်ဖွယ်အခြေအနေများ၊ ကမ္ဘာ့နိုင်ငံများနှင့် မြန်မာနိုင်ငံတွင်ကြုံတွေ့ရင်ဆိုင်နေရသော လူကုန်ကူးမှု ပြဿနာများ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆောင်ရွက်ချက်များ၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုကွဲပြားခြားနားပုံ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနှင့် ဆက်စပ်ဥပဒေများကို အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့တက်ရောက်လာသည့် ရပ်ကွက်နေ ပြည်သူ(၇၃)ဦးအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။