Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Human Trafficking

ပြင်ဦးလွင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ပြင်ဦးလွင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်   နေပြည်တော်၊  မတ်  ၇ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည

ပြင်ဦးလွင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

 

နေပြည်တော်၊  မတ်  ၇

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူး ခံရမှုအန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူ များအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ်များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီ ၃၀ မိနစ်အချိန်ထိ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်၊ ပွဲကောက်ကျေးရွာ၊ ''ထူး''လိမ္မော်ခြံ၌ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆိုင်ရာအသိပညာပေး ဟောပြောပွဲတွင် အမှတ်(၁၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး)မှ ရဲအုပ် အောင်မင်းဦး က ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းကြောင့် ကြုံတွေ့နိုင်သည့် အခက်အခဲများ၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ရာတွင် သိသင့်သိထိုက်သည့်အချက်များ၊ ရွှေ့ပြောင်း သွားလာလုပ်ကိုင်ရာမှ လူကုန်ကူးခံရနိုင်ဖွယ်အခြေအနေများ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆောင်ရွက်ချက်များ၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုကွဲပြားခြားနားပုံ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေနှင့် ဆက်စပ်ဥပဒေများကို အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသည့် လိမ္မော်ခြံအလုပ်သမား(၁၀၅)ဦးအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။