Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Human Trafficking

ကော့သောင်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ကော့သောင်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် နေပြည်တော်၊  မတ်  ၁၄   မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြ

ကော့သောင်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊  မတ်  ၁၄

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများလူကုန်ကူး ခံရမှုအန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှု ဖြစ်စဉ်များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်မှ ၁၀ နာရီ ၃၀ မိနစ်အချိန်ထိ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲတွင် အမှတ်(၁၀)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ထားဝယ်)၏ ကွပ်ကဲမှုအောက်ရှိ အမှတ်(၂)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(ကော့သောင်း)မှ ဒုတိယရဲအုပ် ထွန်းသောင်း က ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ခြင်းကြောင့် ကြုံတွေ့နိုင်သည့်အခက်အခဲများ၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ရာတွင် သိသင့် သိထိုက်သည့်အချက်များ၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ရာမှ လူကုန်ကူးခံရနိုင်ဖွယ်အခြေအနေများ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆောင်ရွက်ချက်များ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေနှင့် ဆက်စပ်ဥပဒေများအား အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျေးရွာနေပြည်သူ(၃၀)ဦးတို့အား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိသည်။