Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Human Trafficking

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး တပ်ဖွဲ့စု(ရန်ကုန်)၏ ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး တပ်ဖွဲ့စု(ရန်ကုန်)၏ ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ် ၂၀.၅.၂၀၁၆ ရက်နေ့ ၀၈၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြ

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး တပ်ဖွဲ့စု(ရန်ကုန်)၏ ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

20.5.2016 w1

20.5.2016 w2

၂၀.၅.၂၀၁၆ ရက်နေ့ ၀၈၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မြောက်မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကဆံရဲရိပ်သာဝင်းအတွင်းရှိ အမရာအဆောက်အဦ၌ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး တပ်ဖွဲ့စု(ရန်ကုန်)၏ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ် ဇော်ဝင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ အမှတ်(၂)လုံခြုံရေးရဲကွပ်ကဲမှှုအဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် မြဝင်း၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ဝင်းနိုင်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ခေတ္တ တပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းနိုင်၊ သတင်းရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ကျော်ဟန်၊ အမှတ်(၂)လုံခြုံရေး ရဲကွပ်ကဲမှှုအဖွဲ့ လက်အောက်ရှိ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ခွဲများမှ ရဲအရာရှိများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်များမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူးများ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးများ၊ UNICEF မှ Chief of Child Protection Session Mr. Aaron Greenberg ပါ(၃)ဦးနှင့် INGO အဖွဲ့အစည်းများဖြစ်သော Save the Children, World Vision, AAPTIP, UN-ACT တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ရခိုင်တိုင်းရင်းသား ရေးရာ ဝန်ကြီးနှင့် Mr. Aaron Greenberg တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးတပ်ဖွဲ့စု (ရန်ကုန်)၏ ရုံးသစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ် ဇော်ဝင်းမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး Mr. Aron Greenberg မှ အမှာစကားပြောကြားကာ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မီနီဦးက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု၏ လုပ်ငန်း ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။