Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Human Trafficking

နေပြည်တော်၊ ဆိပ်ဖြူ၊ ရန်ကုန်၊ ထားဝယ်၊ မြိတ်၊ ဝိုင်းမော်၊ လွယ်ဂျယ်၊ ဟားခါး၊ ကျိုင်းတုံ နှင့် တာချီလိတ်မြို့တို့၌ လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်

နေပြည်တော်၊ ဆိပ်ဖြူ၊ ရန်ကုန်၊ ထားဝယ်၊ မြိတ်၊ ဝိုင်းမော်၊ လွယ်ဂျယ်၊ ဟားခါး၊ ကျိုင်းတုံ နှင့် တာချီလိတ်မြို့တို့၌ လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ် နေပြည်တော်၊ ဇွန် ၂၁ မြန်မာနိုင်ငံရ

နေပြည်တော်၊ ဆိပ်ဖြူ၊ ရန်ကုန်၊ ထားဝယ်၊ မြိတ်၊ ဝိုင်းမော်၊ လွယ်ဂျယ်၊ ဟားခါး၊ ကျိုင်းတုံ နှင့် တာချီလိတ်မြို့တို့၌ လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်

21.6.2016-1

21.6.2016-2

နေပြည်တော်၊ ဇွန် ၂၁

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးမှု မဖြစ်ပွားစေရေး၊ လူကုန်ကူးမခံရစေရေး အသိပညာပေးခြင်းနှင့် လူကုန်ကူးသူ ပွဲစားများကို ထိရောက်စွာ အရေးယူနိုင်ရေးတို့အတွက် ရက်(၁ဝဝ)စီမံချက်ကို ၂ဝ၁၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှ သြဂုတ်လ ၈ ရက် နေ့အထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကြိုးကြာအင်းကျေးရွာ၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူ မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတို့၌လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ပညာရေးကောလိပ်နှင့် မြိတ်မြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်း ကျောင်းတို့၌လည်းကောင်း၊ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ အုပ်ချုပ်ရေး မှူးရုံးနှင့် လွယ်ဂျယ်မြို့၊ လီဆူးနှစ်ခြင်း ဘုရားရှိခိုးကျောင်းအတွင်းရှိ ခေတ္တနယ်ရှောင်စခန်းတို့၌ လည်းကောင်း၊ ချင်းပြည်နယ်၊ ဟားခါးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဘုန်းကြီးကျောင်းနှင့် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(တာချီလိတ်)ရုံးတို့၌လည်းကောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲများ အသီးသီး ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲများတွင် သက်ဆိုင်ရာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု/စိတ်များမှ တပ်ဖွဲ့ဝင်များက လူကုန်ကူးမှု/လူမှောင်ခိုမှုအဓိပ္ပါယ်၊ ရွှေ့ပြောင်းသွားလာအလုပ်လုပ်ကိုင်ရာတွင် သိထား သင့်သည့်အချက်များ၊ ရွှေ့ပြောင်းသွားလာအလုပ်လုပ်ကိုင်ရာမှ လူကုန်ကူးမှုဖြစ်ပွားတတ်ပုံများ၊ မြန်မာ နိုင်ငံတွင်ဖြစ်ပေါ်နေသည့် လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန်ကူးသူ/လူပွဲစားများ၏ စည်းရုံးပုံ စည်းရုံးနည်းများ၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကာကွယ်ရေးဆိုင်ရာများအကြောင်းတို့ကို အသိ ပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/သူ(၂၂ဝ၇)ဦး၊ အဆင့်မြှင့် စက်ချုပ် သင်တန်းနှင့် အခြေခံအိမ်တွင်းမှုသင်တန်းမှ သင်တန်းသူ(၉၁)ဦးနှင့် ပြည်သူ(၃၈၉)ဦးတို့အား အသိ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။