Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Human Trafficking

ဆိပ်ဖြူ၊ ရေနံချောင်း၊ ပခုက္ကူ၊ လွိုင်ကော်၊ လောင်းလုံး၊ ကော့သောင်း၊ ဒေါ့ဖုန်းယန်၊ ကျိုင်းတုံနှင့် တာချီလိတ်တို့၌ လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်

ဆိပ်ဖြူ၊ ရေနံချောင်း၊ ပခုက္ကူ၊ လွိုင်ကော်၊ လောင်းလုံး၊ ကော့သောင်း၊ ဒေါ့ဖုန်းယန်၊ ကျိုင်းတုံနှင့် တာချီလိတ်တို့၌ လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်   မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်

ဆိပ်ဖြူ၊ ရေနံချောင်း၊ ပခုက္ကူ၊ လွိုင်ကော်၊ လောင်းလုံး၊ ကော့သောင်း၊ ဒေါ့ဖုန်းယန်၊ ကျိုင်းတုံနှင့် တာချီလိတ်တို့၌ လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်

24.6.2016-3

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများလူကုန် ကူးမှုမဖြစ်ပွားစေရေး၊ လူကုန်ကူးမခံရစေရေး အသိပညာပေးခြင်းနှင့် လူကုန်ကူးသူပွဲစားများကို ထိရောက်စွာ အရေးယူနိုင်ရေးတို့အတွက် ရက်(၁ဝဝ)စီမံချက်ကို ၂ဝ၁၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှ သြဂုတ်လ ၈ ရက်နေ့ထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ ရေနံချောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ပခုက္ကူတက္ကသိုလ် တို့၌လည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်၊ ခရစ်ယာန်ဘုရားကျောင်းနှင့် နောင်ယား(ခ)ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတို့၌လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းနှင့် ကော့သောင်းမြို့၊ အေးမြကန်သာ အခြေခံပညာမူလတန်းလွန်ကျောင်းတို့၌လည်းကောင်း၊ ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် ဖာကေကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်ရှိ ကားလေးဂိတ်နှင့် မယ်ခေါင်ရပ်ကွက်ရှိ ကြက်သွန်ပွဲရုံ တို့၌လည်းကောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ အသီးသီး ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲများတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု/စိတ်များမှ တပ်ဖွဲ့ဝင်များက လူကုန်ကူးမှု/လူမှောင်ခိုမှုအဓိပ္ပာယ်၊ ရွှေ့ပြောင်းသွားလာအလုပ်လုပ်ကိုင်ရာတွင် သိထားသင့်သည့် အချက်များ၊ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ရာမှ လူကုန်ကူးမှုဖြစ်ပွားတတ်ပုံများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးသူ/လူပွဲစားများ၏ စည်းရုံးပုံစည်းရုံး နည်းများ၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကာကွယ်ရေးဆိုင်ရာများအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသည့် ဆရာ/ဆရာမ၊ ကျောင်းသား/သူ(၁၈၂၄)ဦး၊  အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းမှ သင်တန်းသူ(၆၆)ဦး၊ အလုပ်သမား(၈၅)ဦးနှင့် ရပ်ကွက်နေ ပြည်သူ(၆ဝ)ဦးတို့အား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။