Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Human Trafficking

ကော့သောင်းလေဆိပ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကော့သောင်းလေဆိပ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူး ခံရမှုအန္တရာယ်မှ က

ကော့သောင်းလေဆိပ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

33

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူး ခံရမှုအန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ် များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်မှ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်အထိ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ကော့သောင်းလေဆိပ်၌ အမှတ်(၁၀)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ထားဝယ်)၏ ကွပ်ကဲမှု အောက်ရှိ တပ်ဖွဲ့စိတ်(၂)ကော့သောင်းမှတပ်ဖွဲ့ဝင်များက လေယာဉ်များဖြင့် လိုက်ပါလာသည့်ခရီးသည် စုစုပေါင်း(၁၁၅)ဦးတို့အား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။