Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Human Trafficking

ချမ်းမြသာစည်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ချမ်းမြသာစည်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူး ခံရမှုအန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မ

ချမ်းမြသာစည်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူး ခံရမှုအန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ် များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအချိန်အထိ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ် ရပ်ကွက်ရှိ ''စွဲနေပြီ'' နေကြာစေ့စက်ရုံ၌ပြုလုပ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် အမှတ်(၁၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)မှ ရဲအုပ် မြင့်သိန်းက ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းကြောင့် ကြုံတွေ့နိုင်သည့်အခက်အခဲများ၊ သိသင့်သိထိုက်သည့် အချက်များ၊ လူကုန်ကူးခံရနိုင်ဖွယ်အခြေအနေများ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှုနှင့်လူမှောင်ခိုမှု ကွဲပြားခြားနားပုံ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေနှင့် ဆက်စပ်ဥပဒေများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက် လာသည့် စက်ရုံအလုပ်သမား(၅၀)ဦးတို့အား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။