နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ပုံ နေပြည်တော်၊ ဩဂုတ်လ ၃၀ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည်
နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ပုံ

နေပြည်တော်၊ ဩဂုတ်လ ၃၀
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးမှု မဖြစ်ပွါးစေရေး၊ လူကုန်ကူးမခံရစေရေး၊ အသိပညာပေးခြင်းနှင့် လူကုန်ကူးသူပွဲစားများကို ထိရောက်စွာ အရေးယူနိုင်ခြင်းတို့အတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်မှ ၂ နာရီ ၃၀ မိနစ်အချိန်အထိ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်ကျေးရွာ၊ အမှတ်(၁)အခြေခံ ပညာမူလတန်းလွန်ကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့သည်။ အဆိုပါဟောပြောတွင် အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(နေပြည်တော်)မှ ရဲအုပ် ရဲဝင်းလွင်က ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းနှင့် ပတ်သက်၍ ကြုံတွေ့နိုင်သည့် အခက်အခဲများ၊ ကြိုတင်ပြင်ဆင်ထားသင့်သည့်အချက်များ၊ လူမှောင်ခို/လူကုန်ကူးမှုအဓိပ္ပာယ်၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆောင်ရွက်ချက်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေနှင့်ပြစ်ဒဏ်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးသူများအသုံးပြုသောနည်းလမ်းများ၊ လူကုန်ကူးသူများ၏ စည်းရုံးပုံစည်းရုံးနည်းများ၊ အမျိုးသမီးများအကြမ်းဖက်ခံရမှုမှ ကာကွယ်ရေးဆိုင်ရာများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ရပ်ကွပ်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့နှင့်ကျောင်းသား/သူများ စုစုပေါင်း(၃၅)ဦးတို့အား အသိ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။