လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ် နေပြည်တော်၊ စက်တင်ဘာ ၇ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် စတုတ္ထအ
လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ ၇
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာ၊ အမှတ်(၁၉)အခြေခံပညာ အထက်တန်းကျောင်း၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာ ပေး ဟောပြောပွဲများ အသီးသီးကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲများတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၁) နေပြည်တော် မှ ယာယီရဲမှူး မင်းနိုင်နှင့် တပ်ဖွဲ့စု(၃)ပဲခူးမှ ရဲအုပ် ကျော်ကျော် တို့က လူကုန်ကူးမှု/လူမှောင်ခိုမှု အဓိပ္ပာယ်၊ ရွှေ့ပြောင်းသွားလာအလုပ်လုပ်ကိုင်ရာတွင် သိထားသင့်သည့် အချက်များ၊ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ရာမှ လူကုန်ကူးမှုဖြစ်ပွားတတ်ပုံများ၊ မြန်မာနိုင်ငံ တွင်ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးသူ/လူပွဲစားများ၏ စည်းရုံးပုံ စည်းရုံးနည်းများ၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကာကွယ်ရေးဆိုင်ရာများကို ဟောပြောခဲ့ပြီး တက်ရောက်လာသည့် အခြေခံပညာအဆင့် အထက်တန်းကျောင်းသား/သူ(၉၇၀)ဦးတို့အား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။