Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Human Trafficking

နေပြည်တော်၊ ပခုက္ကူ၊ မန္တလေး၊ လွယ်ဂျယ်နှင့် ကလေးမြို့တို့၌ လူကုန်ကူးမှု အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်

နေပြည်တော်၊ ပခုက္ကူ၊ မန္တလေး၊ လွယ်ဂျယ်နှင့် ကလေးမြို့တို့၌ လူကုန်ကူးမှု အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်   နေပြည်တော်၊ စက်တင်ဘာ ၂၈ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွ

နေပြည်တော်၊ ပခုက္ကူ၊ မန္တလေး၊ လွယ်ဂျယ်နှင့် ကလေးမြို့တို့၌ လူကုန်ကူးမှု အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်

28.9.2016-4

 

နေပြည်တော်၊ စက်တင်ဘာ ၂၈

အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ၂ဝ၁၆ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကင်းပွန်းတန်းကျေးရွာအုပ်စု၊ ခြုံကြီးကျေးရွာ၌ လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပညာပဏ္ဍိကိုယ်ပိုင် အထက်တန်း ကျောင်း၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ငြိမ်းချမ်းသာစံ ကျေးရွာအုပ်ချုပ် ရေးမှူးရုံး၌လည်းကောင်း၊ ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့၊ ဆိုင်းဂျာနယ်ရှောင်စခန်း၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့၊ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း (အထကခွဲ)နှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတို့၌လည်းကောင်း လူကုန်ကူးမှုတားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ အသီးသီး ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲများတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု/စိတ်များမှ တပ်ဖွဲ့ဝင် များက လူကုန်ကူးမှု/လူမှောင်ခိုမှု အဓိပ္ပာယ်၊ ရွှေ့ပြောင်းသွားလာအလုပ်လုပ်ကိုင်ရာတွင် သိထား သင့်သည့် အချက်များ၊ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ရာမှ လူကုန်ကူးမှု ဖြစ်ပွားတတ်ပုံများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ် နေသည့် လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးသူ/လူပွဲစားများ၏ စည်းရုံးပုံစည်း ရုံးနည်းများ၊ အမျိုးသမီးများအကြမ်းဖက်ခံရမှုမှ ကာကွယ်ရေးဆိုင်ရာများအကြောင်း ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် အခြေခံ ပညာအဆင့် ကျောင်းသား/သူ (၁ဝ၉၉)ဦးနှင့် ပြည်သူ(၁၁ဝ)ဦးတို့အား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိသည်။