Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Human Trafficking

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေးကျင်းပပြုလုပ်

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေးကျင်းပပြုလုပ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အစည်းအဝေးကို ၂၀၁၇ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့၊ ၁၀၀၀ အချိန်တွင် နေပြည်တော်၊ Park Royal Hotel ၌ ကျင်း

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေးကျင်းပပြုလုပ်

16.8.2017 w1

16.8.2017 w2

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အစည်းအဝေးကို ၂၀၁၇ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့၊ ၁၀၀၀ အချိန်တွင် နေပြည်တော်၊ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖိတ်ကြားထားသူများ၊ အထူးဖိတ်ကြားထားသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများ၊ စုစုပေါင်း (၆၃) ဦး တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဌ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက အမှာစကား ပြောကြားခြင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေး လုပ်ငန်း အဖွဲ့ ဥက္ကဌကိုယ်စား အတွင်းရေးမှူး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး က လုပ်ငန်းဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြခြင်း၊ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ဥက္ကဌ က လုပ်ငန်းဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြခြင်း၊ လူကုန်ကူးခံရ သူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဌ က လုပ်ငန်းဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ကိုယ်စားလှယ်များ က လုပ်ငန်း ဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြခြင်း၊ ၂၀၁၇ ခုနှစ် အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှု အစီရင်ခံစာပါ အကြံပြုချက်များ နှင့်ပတ်သက်၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ အတွင်းရေးမှူးကိုယ်စား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲဦးစီးအရာရှိချုပ် က ရှင်းလင်းတင်ပြခြင်း၊ အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှုအစီရင်ခံစာပါ အကြံပြုချက်များနှင့်စပ်လျဉ်း၍ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့၊ အဖွဲ့ဝင်များက အကြံပြုဆွေးနွေးခြင်းနှင့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊ ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာ စကားပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးမှာ (၁၃၀၀) အချိန်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။