Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Human Trafficking

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း(၂၀၁၇-၂၀၂၁) အကောင်အထည် ဖော်ဆောင်ရွက်မှုများအပေါ် စောင့်ကြည့်လေ့လာ အကဲဖြတ်ရေးအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးကျင်းပပြုလုပ်

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း(၂၀၁၇-၂၀၂၁) အကောင်အထည် ဖော်ဆောင်ရွက်မှုများအပေါ် စောင့်ကြည့်လေ့လာ အကဲဖြတ်ရေးအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးကျင်းပပြုလုပ်  (နေပြည်တော်၊

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း(၂၀၁၇-၂၀၂၁) အကောင်အထည် ဖော်ဆောင်ရွက်မှုများအပေါ် စောင့်ကြည့်လေ့လာ အကဲဖြတ်ရေးအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးကျင်းပပြုလုပ်

 (နေပြည်တော်၊ သြဂုတ်လ ၇ ရက်)

ပြည်ထဲရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း(၂၀၁၇-၂၀၂၁) အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် စောင့်ကြည့်လေ့လာ အကဲဖြတ်ရေးအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးကို ၇-၈-၂၀၁၈ ရက်နေ့ ၀၉၀၀ အချိန် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ စောင့်ကြည့်လေ့လာ အကဲဖြတ်ရေးအဖွဲ့၊ ဥက္ကဌ၊ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့် ဦးဆောင်သော အဖွဲ့ဝင်များ၊ UN-ACT (မြန်မာ) မှ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်ရင်ရင်ဟန်နှင့် UN-ACT မှ ဒေသတွင်း စောင့်ကြည့် လေ့လာရေး၊ အကဲဖြတ်ရေးအရာရှိ Ms. Ubonwan Boonrattanasamai  ၊ IOM (မြန်မာ) မှ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်ရွှေယင်းမာစောနှင့် IOM (မြန်မာ) မှ Programme Manager, Ms.Sophie Nuon စုစုပေါင်း (၁၈) ဦး တက်ရောက်ခဲ့ ပါသည်။ 

အစည်းအဝေးအား အစီအစဉ် (၇) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စောင့်ကြည့်လေ့လာအကဲဖြတ်ရေးအဖွဲ့ ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့် က အဖွင့်အမှာစကား ပြောကြားခြင်း၊ စောင့်ကြည့်လေ့လာ အကဲဖြတ်ဆန်းစစ်ရေး မူဘောင် (M&E Framework) ဖော်ထုတ်ရပုံအား တပ်ဖွဲ့မှူး က ရှင်းလင်းတင်ပြခြင်း၊ UN-ACT ဒေသဆိုင်ရာရုံးမှ Ms. Ubonwan Boonrattanasamai က စောင့်ကြည့်လေ့လာ အကဲဖြတ်ဆန်းစစ်ရေးမူဘောင် (M&E Framework) မူကြမ်းကို ရှင်းလင်း တင်ပြခြင်း၊ တက်ရောက်လာသော အဖွဲ့ဝင်များက ဆွေးနွေးခြင်းနှင့် စောင့်ကြည့်လေ့လာအကဲဖြတ်ရေးအဖွဲ့၊ ဥက္ကဌ က ရှင်းလင်း ဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးကာ ၁၂၂၀အချိန်တွင် အစည်းအဝေးပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

7-8-2018-11

7-8-2018-22

7-8-2018-33