Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Announcements

   ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ(၂၀၂၄-၂၀၂၈) ထုတ်ပြန်ကြေညာခြင်း အခမ်းအနားကျင်းပ

   ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ(၂၀၂၄-၂၀၂၈) ထုတ်ပြန်ကြေညာခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၂၅    

   ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ(၂၀၂၄-၂၀၂၈) ထုတ်ပြန်ကြေညာခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၂၅

          ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈) ထုတ်ပြန်ကြေညာခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့နံနက် ၁၀ နာရီတွင် ရုံးအမှတ်(၃၈)၊ အမျိုးသားအရေးပေါ်ကာလစီမံခန့်ခွဲမှုဗဟို အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင် ဦးဆောင်၍ ကျင်းပခဲ့ရာ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ မဟာဗျူဟာနယ်ပယ် (၅)ရပ် အကောင်အထည်ဖော်မှုကြီးကြပ်ရေးကော်မတီများမှ ကော်မတီဝင်များနှင့် မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်ရမည့်ဌာနများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၃ ဦး တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်က ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အနေဖြင့် ငွေကြေးခဝါချမှုများမှတစ်ဆင့် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများကို ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်အတွက် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုနှင့် လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများနဲ့အညီ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊

          ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အနေဖြင့် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ(၂၀၁၉-၂၀၂၃)ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ မဟာဗျူဟာ အကောင်အထည်ဖော်မှုကာလသည် ၂၀၂၃ ခုနှစ်တွင် ပြည့်မြောက်ခဲ့ကြောင်း၊

သို့ဖြစ်ရာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ(၂၀၁၉-၂၀၂၃) ပြန်လည်သုံးသပ်ရေးဆွဲရေးကော်မတီကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်ဖွဲ့စည်း၍ သုံးသပ်ချက်ရလဒ်များနှင့် လုပ်ငန်းနယ်ပယ်အလိုက် ငွေကြေးခဝါချမှုအန္တရာယ်မြင့်မားမှုတို့အပေါ် အခြေခံပြီး အမျိုးသားအဆင့်မဟာဗျူဟာတစ်ရပ်ကို ပြန်လည်ရေးဆွဲရန်တာဝန်ပေးခဲ့ကြောင်း။

ကော်မတီအနေဖြင့် အမျိုးသားအဆင့်မဟာဗျူဟာ(၂၀၁၉-၂၀၂၃)မှ ဆက်လက်ဆောင်ရွက်ရန် အချက်များ၊ ၂၀၁၈ ခုနှစ် နိုင်ငံအချင်းချင်းအပြန်အလှန်အကဲဖြတ်ချက်အစီရင်ခံစာပါ ဆောင်ရွက်ရန် အချက်များ၊ ၂၀၁၈ ခုနှစ် အမျိုးသားအဆင့်ဆုံးရှုံးနိုင်ခြေအန္တရာယ် အကဲဖြတ်ချက် အစီရင်ခံစာပါ ဆောင်ရွက်ရန်အချက်များနှင့် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့(Financial Action Task Force-FATF)မှ မြန်မာနိုင်ငံကို အကြံပြုထားသည့် Action Plan ပါ အချက်များကိုအခြေခံ၍ မဟာဗျူဟာနယ်ပယ်အလိုက် အကောင်အထည်ဖော်မှုကြီးကြပ်ရေးကော်မတီများ၏ ဆွေးနွေး အကြံပြုချက်များမှတစ်ဆင့် မဟာဗျူဟာမူကြမ်းကို ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊

ထို့နောက် ရေးဆွဲထားသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ(၂၀၂၄-၂၀၂၈)ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့အစည်းအဝေးသို့ တင်ပြအတည်ပြုချက်ရယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက်တင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၄)မှ မဟာဗျူဟာ ကိုထုတ်ပြန်ခွင့်ပြုရန်သဘောတူကြောင်း ဆုံးဖြတ်ခဲ့သဖြင့်    ယနေ့တွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ(၂၀၂၄-၂၀၂၈)ကို အခမ်းအနား ကျင်းပ၍ ထုတ်ပြန်ကြေညာခြင်း ဖြစ်ပါကြောင်း၊

          ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်၏ စီးပွားရေးတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုခြင်း၊ နိုင်ငံတကာတာဝန်ရှိမှုများအပေါ် လိုက်နာအကောင် အထည်ဖော်ခြင်းအားဖြင့် နိုင်ငံတော်၏ legitimacy ကို ပိုမိုမြင့်မားစေခြင်း၊ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် ဆောင်ရွက်နိုင်ခြင်းအားဖြင့် နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ထိန်းသိမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ပါကြောင်း၊

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးသည် အဖွဲ့အစည်း တစ်ခုတည်းကဆောင်ရွက်ရသည့် ကိစ္စမဟုတ်ဘဲ သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ရမည့် ကိစ္စရပ်ဖြစ်သည့်အတွက် အမျိုးသားအဆင့်မဟာဗျူဟာကို အောင်မြင်စွာအကောင်အထည်ဖော် နိုင်စေရန် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့်ကိစ္စရပ်တစ်ရပ်ချင်းအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံ များရေးဆွဲ ဆောင်ရွက်ပြီး ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ(၂၀၂၄-၂၀၂၈)ကို အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် ဇော်လင်းထွန်းက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ(၂၀၂၄-၂၀၂၈) အား ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ၁၂၀၀ နာရီတွင်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

25 12 24 1

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ