Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Announcements

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အမိန့်ကြော်ငြာစာအမှတ်၊ ၁ /၂၀၂၅ ၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် (၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်) အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခြင်း &

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့

အမိန့်ကြော်ငြာစာအမှတ်၊ ၁ /၂၀၂၅

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်

(၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်)

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခြင်း

          အကြမ်းဖက်မှုတိုက်ဖျက်‌‌ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊  ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ) ပါလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၁။         ကရင်အမျိုးသားအစည်းအရုံး(Kayin National Union-KNU) လက်နက်ကိုင်သောင်း ကျန်းသူအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုဖြစ်သည့် အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက် အတွက် အရေးကြီးသော အခြေခံအဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊  စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများဖြစ်သည့် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ လူနေထူထပ်သည့် မြို့ရွာများကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလူသစ် စုဆောင်းခြင်း၊ နိုင်ငံပိုင် အ‌ဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့်  အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတော်အတွင်း အခြေပြု၍ အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိပါသည်။

၂။            သို့ဖြစ်ပါ၍ အထက်ပါအကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိသည့် ကရင်အမျိုးသားအစည်းအရုံး (Kayin National Union-KNU) ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်သည်။

 

 

                                                                                                                                                                                                      ဥက္ကဋ္ဌ

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့