Coronavirus Disease-2019(COVID-19) ရောဂါကာလကို အခွင့်ကောင်းယူ၍ မှုခင်းကျူးလွန်နေမှုများအား ပြည်သူများသို့ အသိပေးနှိုးဆော်ခြင်း ၁။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ(Pandemic)အဖြစ်ထုတ်ပြန်ထားသော Coronavirus Dis
Coronavirus Disease-2019(COVID-19) ရောဂါကာလကို အခွင့်ကောင်းယူ၍ မှုခင်းကျူးလွန်နေမှုများအား ပြည်သူများသို့ အသိပေးနှိုးဆော်ခြင်း
၁။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ(Pandemic)အဖြစ်ထုတ်ပြန်ထားသော Coronavirus Disease-2019 (COVID-19) စတင်ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် ခရီးသွားလာမှု ကန့်သတ်ခြင်း၊ အများပြည်သူတို့၏ လုံခြုံမှုပုံစံကန့်သတ်ခြင်း၊ မြို့/ရွာများ လူဝင်/ လူထွက် စိစစ်ခြင်း၊ ခရီးသည်ပို့ဆောင်ရေး ယာဉ်၊ ရထား၊ လေယာဉ်များ ကန့်သတ်ခြင်း၊ ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်း၊ အထူးသဖြင့် Home Stay နေထိုင်စေခြင်း စသည့် အရေးပေါ် အစီအမံများအား ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။
၂။ ဤကဲ့သို့ ထိန်းချုပ်ဆောင်ရွက်နေရမှုများကို ဒုစရိုက်သမားများ၊ ဝိသမလောဘ စီးပွားရေး သမားများက အခွင့်ကောင်းယူ၍ အောက်ပါအတိုင်း ဆောင်ရွက်လျက်ရှိပါသည်-
(က) ဒုစရိုက်သမားများအား ပြင်ပတွင် တွေ့မြင်ရမှုနည်းပါးသွားပြီး Online နှင့် အိမ်တွင်း ကျူးလွန်မှုများအဖြစ်သို့ ပြောင်းလဲသွားခြင်း။
( ခ ) ကပ်ရောဂါအပေါ် ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်မှုလွန်ကဲလာခြင်းတို့ကြောင့် ပြည်သူများ လိုအပ်သည့် အစားအသောက်နှင့် ကျန်းမာရေးအတွက် ဆေးဝါးများကို တုပမှု များလာခြင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း။
( ဂ ) Home Stay ကြောင့် Online Games များ ပိုမိုအသုံးပြုလာကြရာ Cyber ဒုစရိုက် သမားများက Game နည်းလမ်းသစ်များ တီထွင်ထုတ်လွှင့်၍ ငွေကြေးလိမ်လည်မှု များ၊ ကွန်ပျူတာထိခိုက်ပျက်စီးရေး ရည်ရွယ်၍ Malware နှင့် Ransomware ကဲ့သို့သော Virus များနှင့် တိုက်ခိုက်လာခြင်း။
(ဃ) ဆေးရုံများ၏အင်တာနက်နှင့် ချိတ်ဆက်မှုစနစ်များ၊ အရေးပေါ်လူနာခွဲစိတ်မှုများ၊ COVID-19 ကူးစက်ရောဂါကုသမှုနှင့် လူနာစောင့်ကြည့်သည့်စနစ်များအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများ ဆောင်ရွက်လာခြင်း။
( င ) ဒုစရိုက်သမားများသည် COVID-19 နှင့် ဆက်စပ်သော Stock ရင်းနှီးမြှုပ်နှံမှု များတွင်ရောဂါဖြစ်နေသူများ၏ အရင်းအနှီးများကို နည်းမျိုးစုံဖြင့် လိမ်လည်/ ခြိမ်းခြောက် ငွေကြေးရယူခြင်း။
( စ ) လိမ်လည်သူများသည် ဆေးဝါးပစ္စည်းများရောင်းချရန်နှင့် ဖြန့်ဝေရာ website, e-commerce platforms, social medias, emails များအသုံးပြုလျက်ရှိရာ နာမည်ကြီး ကုမ္ပဏီများ၏အမည်ကိုအသုံးပြု၍ ငွေလွှဲပြောင်းလိမ်လည်ရယူခြင်း။
(ဆ) တယ်လီဖုန်းများအသုံးပြု၍ COVID-19 ကပ်ရောဂါဖြင့် ဆေးရုံတက်နေရသူ၊ Quarantine စခန်းဝင်နေရသူဟု လိမ်လည်ပြောဆို၍ ပြည်သူ့ကျန်းမာရေး ကိုယ်စားလှယ်များထံ ငွေသား/ I-pay တို့ဖြင့် ဆေးဝါးကုသစရိတ်များ လိမ်လည် တောင်းခံခြင်း။
( ဇ ) Online များတွင် ဆရာဝန်/အထူးကုသမားတော်များဟု ဟန်ဆောင်ထုတ်လွှင့်ပြီး ဆေးဝါးအတုများ ဝယ်ယူစေခြင်း၊ စိုးရိမ်ကြောက်ရွံ့နေသူများထံမှ email နှင့်Password များတောင်းခံ၍ website များဝင်ကြည့်စေပြီး ငွေကြေးလိမ်လည် ရယူခြင်း။
( ဈ ) COVID-19 ကာကွယ်ရန် masks များနှင့် PPEs ဝတ်စုံများ၊ Alocohol Gels များ ဝယ်ယူရန်အမည်ခံ၍ ငွေကြေးများလိမ်လည်ခြင်း။
(ည) Online နှင့် ပြင်ပလူမှုနယ်ပယ်တွင် စံမမီဆေးဝါးနှင့် ပစ္စည်းများ၊ ကုသရေးဆိုင်ရာ ပစ္စည်းအတုများ ရောင်းချခြင်းနှင့် ကြော်ငြာခြင်းများ များစွာဖြစ်ပွားနေပြီး မှုခင်းများ၏ အဓိကနယ်ပယ်တစ်ခုဖြစ်လာခြင်း။
( ဋ ) တရားမဝင်ကုန်ပစ္စည်းများနှင့် စံမမီဆေးဝါး ထုတ်လုပ်ရောင်းချမှုများကြောင့် ပြည်သူများ၏ အသက်အန္တရာယ်အတွက် များစွာစိုးရိမ်ဖွယ်ဖြစ်နေခြင်း။
( ဌ ) ညမထွက်ရအမိန့်နှင့် Home Stay နေထိုင်စဉ် ပူပြင်းသည့်ရာသီဥတုဖြစ်၍ နေအိမ် ပြတင်းပေါက်များ နေ့/ည ဖွင့်ထားခြင်းကြောင့် ဒုစရိုက်သမားများက အခွင့်ကောင်း ယူ၍ အိမ်ကျော်နင်းမှု၊ ခိုးယူမှုများကျူးလွန်ခြင်း။
( ဍ ) လူ(၅)ဦးနှင့်အထက်စုဝေးခြင်း၊ သွားလာမှုမပြုရခြင်းကြောင့် လက်နက်ဖြင့် ခြိမ်းခြောက်၍ လုယက်မှု၊ ခြောက်လှန့်တောင်းယူမှုများ ကျူးလွန်ခြင်း။
( ဎ ) အခြေအမြစ်မရှိသော Online ဆက်သွယ်မှုများမှ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ၊ မမှန်သတင်းများထုတ်လွှင့်ခြင်း၊ ခြိမ်းခြောက်ငွေတောင်းယူမှုများကျူးလွန်ခြင်း။
(ဏ) Online Delivery ပို့ဆောင်သူများထံမှ ရောဂါကူးစက်နိုင်သည့်အပြင် မိမိနှင့် သိကျွမ်းမှုမရှိသော Delivery များက အစားအသောက်များတွင် မူးဝေမေ့လျော့ စေသော ဆေးဝါးများထည့်သွင်း၍ အိမ်တွင်းခိုးယူမှု၊ လုယက်မှုများကျူးလွန်ခြင်း။
(တ) Mask ကို လူတိုင်းတပ်ဆင်ထားရသဖြင့် ဒုစရိုက်သမားများအနေဖြင့် ပုံဖျက်ရန် အခွင့်ကောင်းရရှိပြီး ယာဉ်/ဆိုင်ကယ်တို့ဖြင့် ရုတ်တရက် အနီးကပ်လုယက်မှု ကျူးလွန်ခြင်း။
(ထ) Home Stay ကာလကြာမြင့်လာသည့်အတွက် မိသားစုအတွင်း၊ အဆောင်နေသူများ အချင်းချင်း အိမ်တွင်းအကြမ်းဖက်မှုခင်းများ ပိုမိုဖြစ်ပွားလာနိုင်ခြင်း။
၃။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် Cyber / Online တို့မှ လိမ်လည်နေမှုများ၊ မှုခင်းများနှင့် ပတ်သက်၍ ကျူးလွန်ခံရမှုများမဖြစ်ပွားရအောင် အောက်ပါအချက်များကို လိုက်နာကြရန် အကြံပြုအပ်ပါသည်-
(က) မိမိနှင့် ရင်းနှီးကျွမ်းဝင်သော email များနှင့် မိမိအသုံးပြုနေသော Links များ မဟုတ်ပါက attached files များကို ဖွင့်ကြည့်ခြင်းမပြုရန်။
( ခ ) မိမိ email နှင့် databases များကို ပုံမှန်စစ်ဆေးခြင်း၊ online / offline အသုံးပြု၍ backup လုပ်ထားရန်။
( ဂ ) လုံခြုံမှုအပြည့်အဝရှိမည့် password ကိုအသုံးပြုရန်။
(ဃ) Antivirus software နှင့် မိမိကွန်ပျူတာရှိ software များကို update ပြုလုပ်ရန်။
( င ) Social media များ၏ လုံခြုံရေးစနစ်ကို ခိုင်မာမှုရှိအောင် စီမံရန်။
( စ ) မိမိနေအိမ်တွင်အသုံးပြုသော network အား လုံခြုံမှုစနစ်သေချာတပ်ဆင်ရန်။
(ဆ) မိသားစုဝင်များ၊ အထူးသဖြင့် ကလေးသူငယ်များအား Online စနစ်လုံခြုံမှုနှင့် ပတ်သက်၍ ပညာပေးပြောကြားရန်။
( ဇ ) လူသွားလူလာပြတ်သည့်နေရာများ၊ လမ်းများတွင် လုယက်မှုကျူးလွန်ခြင်းများ၊ အိမ်တွင်းအကြမ်းဖက်မှုများ ဖြစ်ပွားနိုင်သည်ကို သတိပြုကြရန်။
၄။ COVID-19 ကာလအတွင်း ဒုစရိုက်သမားများနှင့် ဝိသမလောဘစီးပွားရေးသမားများက ကျူးလွန်လျက်ရှိသည့် ဆောင်ရွက်ချက်များအပေါ် အများပြည်သူကလည်း အသိ/သတိရှိရှိဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ပါရန်နှင့် မြို့/ရွာ၊ ရပ်ကွက်များအတွင်း ထူးခြားမှု၊ မသင်္ကာဖွယ်ရာတွေ့ရှိမှု တစ်စုံတစ်ရာရှိလာပါက လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် လှည့်ကင်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများ၊ နယ်မြေအလိုက် အရေးပေါ်ဆက်သွယ်အကြောင်းကြားနိုင်သည့် နီးစပ်ရာ ရဲစခန်းဖုန်းနံပါတ်များသို့ ဆက်သွယ်အကြောင်းကြားကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့
Coronavirus Disease-2019(COVID-19) ေရာဂါကာလကို အခြင့္ေကာင္းယူ၍ မႈခင္းက်ဴးလြန္ေနမႈမ်ားအား ျပည္သူမ်ားသို႔ အသိေပးႏွိုးေဆာ္ျခင္း
၁။ ကမၻာလုံးဆိုင္ရာကပ္ေရာဂါ(Pandemic)အျဖစ္ထုတ္ျပန္ထားေသာ Coronavirus Disease-2019 (COVID-19) စတင္ျဖစ္ပြားၿပီးေနာက္ ျမန္မာနိုင္ငံအပါအဝင္ ကမၻာ့နိုင္ငံအသီးသီးသည္ ခရီးသြားလာမႈ ကန႔္သတ္ျခင္း၊ အမ်ားျပည္သူတို႔၏ လုံျခဳံမႈပုံစံကန႔္သတ္ျခင္း၊ ၿမိဳ႕/ရြာမ်ား လူဝင္/ လူထြက္ စိစစ္ျခင္း၊ ခရီးသည္ပို႔ေဆာင္ေရး ယာဥ္၊ ရထား၊ ေလယာဥ္မ်ား ကန႔္သတ္ျခင္း၊ ညမထြက္ရ အမိန႔္ထုတ္ျပန္ျခင္း၊ အထူးသျဖင့္ Home Stay ေနထိုင္ေစျခင္း စသည့္ အေရးေပၚ အစီအမံမ်ားအား ခ်မွတ္ေဆာင္ရြက္လ်က္ရွိပါသည္။
၂။ ဤကဲ့သို႔ ထိန္းခ်ဳပ္ေဆာင္ရြက္ေနရမႈမ်ားကို ဒုစရိုက္သမားမ်ား၊ ဝိသမေလာဘ စီးပြားေရး သမားမ်ားက အခြင့္ေကာင္းယူ၍ ေအာက္ပါအတိုင္း ေဆာင္ရြက္လ်က္ရွိပါသည္-
(က) ဒုစရိုက္သမားမ်ားအား ျပင္ပတြင္ ေတြ႕ျမင္ရမႈနည္းပါးသြားၿပီး Online ႏွင့္ အိမ္တြင္း က်ဴးလြန္မႈမ်ားအျဖစ္သို႔ ေျပာင္းလဲသြားျခင္း။
( ခ ) ကပ္ေရာဂါအေပၚ ေၾကာက္ရြံ့ျခင္းႏွင့္ စိုးရိမ္မႈလြန္ကဲလာျခင္းတို႔ေၾကာင့္ ျပည္သူမ်ား လိုအပ္သည့္ အစားအေသာက္ႏွင့္ က်န္းမာေရးအတြက္ ေဆးဝါးမ်ားကို တုပမႈ မ်ားလာျခင္းႏွင့္ ေဈးႏႈန္းျမႇင့္တင္ေရာင္းခ်ျခင္း။
( ဂ ) Home Stay ေၾကာင့္ Online Games မ်ား ပိုမိုအသုံးျပဳလာၾကရာ Cyber ဒုစရိုက္ သမားမ်ားက Game နည္းလမ္းသစ္မ်ား တီထြင္ထုတ္လႊင့္၍ ေငြေၾကးလိမ္လည္မႈ မ်ား၊ ကြန္ပ်ဴတာထိခိုက္ပ်က္စီးေရး ရည္ရြယ္၍ Malware ႏွင့္ Ransomware ကဲ့သို႔ေသာ Virus မ်ားႏွင့္ တိုက္ခိုက္လာျခင္း။
(ဃ) ေဆး႐ုံမ်ား၏အင္တာနက္ႏွင့္ ခ်ိတ္ဆက္မႈစနစ္မ်ား၊ အေရးေပၚလူနာခြဲစိတ္မႈမ်ား၊ COVID-19 ကူးစက္ေရာဂါကုသမႈႏွင့္ လူနာေစာင့္ၾကည့္သည့္စနစ္မ်ားအေပၚ ဆိုက္ဘာတိုက္ခိုက္မႈမ်ား ေဆာင္ရြက္လာျခင္း။
( င ) ဒုစရိုက္သမားမ်ားသည္ COVID-19 ႏွင့္ ဆက္စပ္ေသာ Stock ရင္းႏွီးျမႇုပ္ႏွံမႈ မ်ားတြင္ေရာဂါျဖစ္ေနသူမ်ား၏ အရင္းအႏွီးမ်ားကို နည္းမ်ိဳးစုံျဖင့္ လိမ္လည္/ ၿခိမ္းေျခာက္ ေငြေၾကးရယူျခင္း။
( စ ) လိမ္လည္သူမ်ားသည္ ေဆးဝါးပစၥည္းမ်ားေရာင္းခ်ရန္ႏွင့္ ျဖန႔္ေဝရာ website, e-commerce platforms, social medias, emails မ်ားအသုံးျပဳလ်က္ရွိရာ နာမည္ႀကီး ကုမၸဏီမ်ား၏အမည္ကိုအသုံးျပဳ၍ ေငြလႊဲေျပာင္းလိမ္လည္ရယူျခင္း။
(ဆ) တယ္လီဖုန္းမ်ားအသုံးျပဳ၍ COVID-19 ကပ္ေရာဂါျဖင့္ ေဆး႐ုံတက္ေနရသူ၊ Quarantine စခန္းဝင္ေနရသူဟု လိမ္လည္ေျပာဆို၍ ျပည္သူ႔က်န္းမာေရး ကိုယ္စားလွယ္မ်ားထံ ေငြသား/ I-pay တို႔ျဖင့္ ေဆးဝါးကုသစရိတ္မ်ား လိမ္လည္ ေတာင္းခံျခင္း။
( ဇ ) Online မ်ားတြင္ ဆရာဝန္/အထူးကုသမားေတာ္မ်ားဟု ဟန္ေဆာင္ထုတ္လႊင့္ၿပီး ေဆးဝါးအတုမ်ား ဝယ္ယူေစျခင္း၊ စိုးရိမ္ေၾကာက္ရြံ့ေနသူမ်ားထံမွ email ႏွင့္Password မ်ားေတာင္းခံ၍ website မ်ားဝင္ၾကည့္ေစၿပီး ေငြေၾကးလိမ္လည္ ရယူျခင္း။
( ဈ ) COVID-19 ကာကြယ္ရန္ masks မ်ားႏွင့္ PPEs ဝတ္စုံမ်ား၊ Alocohol Gels မ်ား ဝယ္ယူရန္အမည္ခံ၍ ေငြေၾကးမ်ားလိမ္လည္ျခင္း။
(ည) Online ႏွင့္ ျပင္ပလူမႈနယ္ပယ္တြင္ စံမမီေဆးဝါးႏွင့္ ပစၥည္းမ်ား၊ ကုသေရးဆိုင္ရာ ပစၥည္းအတုမ်ား ေရာင္းခ်ျခင္းႏွင့္ ေၾကာ္ျငာျခင္းမ်ား မ်ားစြာျဖစ္ပြားေနၿပီး မႈခင္းမ်ား၏ အဓိကနယ္ပယ္တစ္ခုျဖစ္လာျခင္း။
( ဋ ) တရားမဝင္ကုန္ပစၥည္းမ်ားႏွင့္ စံမမီေဆးဝါး ထုတ္လုပ္ေရာင္းခ်မႈမ်ားေၾကာင့္ ျပည္သူမ်ား၏ အသက္အႏၲရာယ္အတြက္ မ်ားစြာစိုးရိမ္ဖြယ္ျဖစ္ေနျခင္း။
( ဌ ) ညမထြက္ရအမိန႔္ႏွင့္ Home Stay ေနထိုင္စဥ္ ပူျပင္းသည့္ရာသီဥတုျဖစ္၍ ေနအိမ္ ျပတင္းေပါက္မ်ား ေန႔/ည ဖြင့္ထားျခင္းေၾကာင့္ ဒုစရိုက္သမားမ်ားက အခြင့္ေကာင္း ယူ၍ အိမ္ေက်ာ္နင္းမႈ၊ ခိုးယူမႈမ်ားက်ဴးလြန္ျခင္း။
( ဍ ) လူ(၅)ဦးႏွင့္အထက္စုေဝးျခင္း၊ သြားလာမႈမျပဳရျခင္းေၾကာင့္ လက္နက္ျဖင့္ ၿခိမ္းေျခာက္၍ လုယက္မႈ၊ ေျခာက္လွန႔္ေတာင္းယူမႈမ်ား က်ဴးလြန္ျခင္း။
( ဎ ) အေျခအျမစ္မရွိေသာ Online ဆက္သြယ္မႈမ်ားမွ လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္မႈမ်ား၊ မမွန္သတင္းမ်ားထုတ္လႊင့္ျခင္း၊ ၿခိမ္းေျခာက္ေငြေတာင္းယူမႈမ်ားက်ဴးလြန္ျခင္း။
(ဏ) Online Delivery ပို႔ေဆာင္သူမ်ားထံမွ ေရာဂါကူးစက္နိုင္သည့္အျပင္ မိမိႏွင့္ သိကၽြမ္းမႈမရွိေသာ Delivery မ်ားက အစားအေသာက္မ်ားတြင္ မူးေဝေမ့ေလ်ာ့ ေစေသာ ေဆးဝါးမ်ားထည့္သြင္း၍ အိမ္တြင္းခိုးယူမႈ၊ လုယက္မႈမ်ားက်ဴးလြန္ျခင္း။
(တ) Mask ကို လူတိုင္းတပ္ဆင္ထားရသျဖင့္ ဒုစရိုက္သမားမ်ားအေနျဖင့္ ပုံဖ်က္ရန္ အခြင့္ေကာင္းရရွိၿပီး ယာဥ္/ဆိုင္ကယ္တို႔ျဖင့္ ႐ုတ္တရက္ အနီးကပ္လုယက္မႈ က်ဴးလြန္ျခင္း။
(ထ) Home Stay ကာလၾကာျမင့္လာသည့္အတြက္ မိသားစုအတြင္း၊ အေဆာင္ေနသူမ်ား အခ်င္းခ်င္း အိမ္တြင္းအၾကမ္းဖက္မႈခင္းမ်ား ပိုမိုျဖစ္ပြားလာနိုင္ျခင္း။
၃။ သို႔ျဖစ္ပါ၍ ျပည္သူလူထုအေနျဖင့္ Cyber / Online တို႔မွ လိမ္လည္ေနမႈမ်ား၊ မႈခင္းမ်ားႏွင့္ ပတ္သက္၍ က်ဴးလြန္ခံရမႈမ်ားမျဖစ္ပြားရေအာင္ ေအာက္ပါအခ်က္မ်ားကို လိုက္နာၾကရန္ အႀကံျပဳအပ္ပါသည္-
(က) မိမိႏွင့္ ရင္းႏွီးကၽြမ္းဝင္ေသာ email မ်ားႏွင့္ မိမိအသုံးျပဳေနေသာ Links မ်ား မဟုတ္ပါက attached files မ်ားကို ဖြင့္ၾကည့္ျခင္းမျပဳရန္။
( ခ ) မိမိ email ႏွင့္ databases မ်ားကို ပုံမွန္စစ္ေဆးျခင္း၊ online / offline အသုံးျပဳ၍ backup လုပ္ထားရန္။
( ဂ ) လုံျခဳံမႈအျပည့္အဝရွိမည့္ password ကိုအသုံးျပဳရန္။
(ဃ) Antivirus software ႏွင့္ မိမိကြန္ပ်ဴတာရွိ software မ်ားကို update ျပဳလုပ္ရန္။
( င ) Social media မ်ား၏ လုံျခဳံေရးစနစ္ကို ခိုင္မာမႈရွိေအာင္ စီမံရန္။
( စ ) မိမိေနအိမ္တြင္အသုံးျပဳေသာ network အား လုံျခဳံမႈစနစ္ေသခ်ာတပ္ဆင္ရန္။
(ဆ) မိသားစုဝင္မ်ား၊ အထူးသျဖင့္ ကေလးသူငယ္မ်ားအား Online စနစ္လုံျခဳံမႈႏွင့္ ပတ္သက္၍ ပညာေပးေျပာၾကားရန္။
( ဇ ) လူသြားလူလာျပတ္သည့္ေနရာမ်ား၊ လမ္းမ်ားတြင္ လုယက္မႈက်ဴးလြန္ျခင္းမ်ား၊ အိမ္တြင္းအၾကမ္းဖက္မႈမ်ား ျဖစ္ပြားနိုင္သည္ကို သတိျပဳၾကရန္။
၄။ COVID-19 ကာလအတြင္း ဒုစရိုက္သမားမ်ားႏွင့္ ဝိသမေလာဘစီးပြားေရးသမားမ်ားက က်ဴးလြန္လ်က္ရွိသည့္ ေဆာင္ရြက္ခ်က္မ်ားအေပၚ အမ်ားျပည္သူကလည္း အသိ/သတိရွိရွိျဖင့္ ပူးေပါင္းေဆာင္ရြက္နိုင္ပါရန္ႏွင့္ ၿမိဳ႕/ရြာ၊ ရပ္ကြက္မ်ားအတြင္း ထူးျခားမႈ၊ မသကၤာဖြယ္ရာေတြ႕ရွိမႈ တစ္စုံတစ္ရာရွိလာပါက လုံျခဳံေရးတာဝန္ထမ္းေဆာင္လ်က္ရွိေသာ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ လွည့္ကင္းမ်ား၊ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားႏွင့္ တာဝန္ရွိသူမ်ား၊ နယ္ေျမအလိုက္ အေရးေပၚဆက္သြယ္အေၾကာင္းၾကားနိုင္သည့္ နီးစပ္ရာ ရဲစခန္းဖုန္းနံပါတ္မ်ားသို႔ ဆက္သြယ္အေၾကာင္းၾကားၾကပါရန္ အသိေပးႏွိုးေဆာ္အပ္ပါသည္။
ျမန္မာနိုင္ငံရဲတပ္ဖြဲ႕