Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Crime News

စစ်ကိုင်းမြို့နှင့် အေးသာယာမြို့တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များဖမ်းဆီးရမိ

စစ်ကိုင်းမြို့နှင့် အေးသာယာမြို့တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များဖမ်းဆီးရမိ နေပြည်တော်၊ ဇွန် ၁၂           စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြ

စစ်ကိုင်းမြို့နှင့် အေးသာယာမြို့တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၁၂

          စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တို့၌ ဇွန်လ ၁၀ ရက်နေ့က လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

          ဖြစ်စဉ်မှာ ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀  နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ မန္တလေး-မုံရွာကားလမ်း၊ ရတနာပုံတံတားဖြတ်သန်းခကောက်ခံရေးဂိတ်တွင် အမှတ်(၁၀၆)ယာဉ်ထိန်းရဲ တပ်ဖွဲ့စု(စစ်ကိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများဆောင်ရွက် နေစဉ် ချမ်းအေးသာစံမြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေ မင်းသန့်ဦး(၂၄)နှစ် မောင်းနှင်လာသော YGN-19 2F/xxxx TOYOTA MARK II မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်နှင့် ပက်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲလိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် မင်းသန့်ဦးအား စစ်ကိုင်းမြို့မရဲစခန်း(ပ)၁၅၈/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း၊

          အလားတူ နံနက် ၁၁ နာရီခွဲအချိန်တွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၃)ရှိ ထုံးဖိုစစ်ဆေးရေးဂိတ်၌ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် မိတ္ထီလာမြို့မှ တောင်ကြီးမြို့ဘက်သို့ ကလောမြို့၊ သာယာကုန်းရပ်ကွက်(၆)နေ အောင်ဆန်းမင်း(၃၄)နှစ် မောင်နှင်လာသော SHN-15 7L/xxxx CANTER(၆) ဘီးယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်၏နောက်ခန်းတွင် အထောက်အထားမဲ့ တင်ဆောင်လာသော HONDA WAVE ALPHA-110 အမျိုးအစားလိုင်စင်မဲ့ဆိုင်ကယ် ၉ စီးအား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အောင်ဆန်းမင်းအား အေးသာယာနယ်မြေရဲစခန်း(ပ)၈၄/၂၀၂၆၊ ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

(ရဲပြန်ကြား)