စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ (၅၅)မိုင်ကျေးရွာအနီး ကလေး-တမူးကားလမ်းရှိ တံတားအမှတ်(၁/၃၉)အား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး နေပြည်တော်၊ ဇွန် ၁၃ PDF အမည်ခံ အ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ (၅၅)မိုင်ကျေးရွာအနီး ကလေး-တမူးကားလမ်းရှိ တံတားအမှတ်(၁/၃၉)အား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး
နေပြည်တော်၊ ဇွန် ၁၃
PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များသည် တိုင်းပြည်တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ဒေသတွင်းကုန်စည်စီးဆင်းမှုများပျက်ပြားစေရန် ရည်ရွယ်၍ အများ ပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း များကို ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၁၁ ရက်နေ့ ည ၆ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ (၅၅)မိုင်ကျေးရွာအနီး ကလေး-တမူးကားလမ်းမိုင်တိုင်အမှတ် ၃၈ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားရှိ တံတားအမှတ်(၁/၃၉)အား PDF အမည်ခံ အကြမ်းဖက်သမားများက ယုတ်မာ ရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် အရှည် ၁၁၀ ပေ၊ အကျယ် ၂၄ ပေရှိ သံကူ ကွန်ကရစ်အမျိုးအစား တံတားတွင် တံတားရေလည်တိုင် ၂ ခု၊ ယက်မ/ကြမ်းခင်းနှင့် လက်ရန်းများ ကျိုးကျပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက်သမားများ၏ “ဒေသတွင်းကောင်းစားရေး”ဟုသုံးနှုန်း၍ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ၊ လူ့အခွင့်အရေးများ ဆုံးရှုံးအောင်လုပ်ဆောင်နေကြသည့်အပေါ် ဒေသခံပြည်သူ များက သိရှိနားလည်သဘောပေါက်လာကြပြီဖြစ်ပြီး ယခုကဲ့သို့ တံတားအမှတ်(၁/၃၉)အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုအပေါ် ရွံရှာမုန်းတီးစွာ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း အဆိုပါတံတားအား ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်း များကို အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Bridge No. (1/39) on Kale-Tamu Road Near (55) Mile Village in Sagaing Region, Blow up by So-Called PDF Terrorists
Nay Pyi Taw, June 13
Terrorists groups are carrying out attacks by firing heavy and small weapons into towns and villages where innocent civilians, who are not military targets, reside, with the aim of destabilizing the country and disrupting its peace and stability. Additionally, they are attacking vehicles traveling on roads by using explosive devices, firing heavy and small arms at them, and planting landmines to destroy roads and bridges.
Since they are conducting such terrorist acts, on 11 June 2026, around 6:30 pm, a so-called PDF terrorist group blew up the Bridge No. (1/39), located between mileposts 38/2 and 3 on the Kale-Tamu Road near 55 Mile Village in Kale Township of Sagaing Region. As a result, the 110-foot-long and 24-foot-wide reinforced concrete bridge sustained damage, including damage to two bridge water support pillars, the deck, and the railings, it is reported.
Local residents have come to understand and realize that the terrorists, using the pretext of 'regional development,' are causing the loss of the public's socioeconomic livelihoods and human rights. The public is condemning and criticizing the destruction of the bridge, and relevant authorities will also carry out the necessary repairs to the bridge as quickly as possible, it is reported.
