Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Drug Seizures

ကလေးဝမြို့တွင် ငွေကျပ်သိန်း ၁၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ကလေးဝမြို့တွင် ငွေကျပ်သိန်း ၁၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ နေပြည်တော်၊ မေ ၁၀                  မေလ ၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ

ကလေးဝမြို့တွင် ငွေကျပ်သိန်း ၁၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၁၀

                 မေလ ၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလေးဝမြို့၊ အမှတ်(၂)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင် ကလေးဝမြို့နယ်၊ အုန်းပင်စုရွာနေ စိုးလင်းမင်း(၂၃)နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၄,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၃,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁၂၀)အား ဖမ်းဆီးရမိသဖြင့် စိုးလင်းမင်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။