Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Drug Seizures

ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၈,၄၀၀ သိန်းတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ

ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၈,၄၀၀ သိန်းတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ နေပြည်တော်၊ မတ် ၂၅                 မတ်လ ၁၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မ

ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၈,၄၀၀ သိန်းတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၂၅

                မတ်လ ၁၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ ကွန်ဟိန်း-ခိုလမ်သွားလမ်း ဆိုင်းမွန် လမ်းခွဲအနီးတွင် မိုင်းပျဉ်းမြို့နယ်၊ ဝမ်မွတ်ကျေးရွာနေ စိုင်းလိန်ခမ်း(၂၃)နှစ် မောင်းနှင်ပြီး ကာလိမြို့၊ အမှတ်(၁)ရပ်ကွက်နေ စိုင်းဆိုင်ဝမ်း(၂၆)နှစ်တို့ စီးနင်းလိုက်ပါလာသော SHN-8 6H-xxxx TOYOTA PROBOX မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ  ဘိန်းဖြူဘလောက်တုံး ၂၀၀ တုံး၊ အလေးချိန် ၇၀ ကီလို(တစ်ကီလိုလျှင်ငွေကျပ် ၁၂၀ သိန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၈,၄၀၀ သိန်း)အား ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ  နေ့လည် ၁၁ နာရီခွဲအချိန် အဆိုပါ ဘိန်းဖြူဘလောက်တုံးများအား သယ်ဆောင်ခိုင်းသူ ကာလိမြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ စိုင်းခမ်းရွက် (ခ)စိုင်းရွက်(၃၁)နှစ်အား ၎င်း၏နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။