Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Drug Seizures

ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁၄၇ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁၄၇ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ နေပြည်တော်၊ ဧပြီ ၁၃           ဧပြီလ ၁၀ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တ

ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁၄၇ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၁၃

          ဧပြီလ ၁၀ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ ဟွေဆိုင်းရွာနေ ဒေါမိနစ်(ခ)လော်ဂျူး(၂၇)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ကျပ် ၁၁၉ သိန်း)အား ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲအချိန် အထက်ပါပူးပေါင်းအဖွဲ့သည် သတင်းအရ ကျိုင်းတုံမြို့နယ်၊ မိုင်းလန်းကျေးရွာအုပ်စု၊ ဟွေပုံကျေးရွာအနီးတွင် ၎င်းရွာနေ အားဒို (၃၇)နှစ် မောင်းနှင်လာသော HAOJUE အမျိုးအစား မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၈ သိန်း)အား ဖမ်းဆီးရမိခဲ့သဖြင့် ဒေါမိနစ်(ခ) လော်ဂျူးနှင့် အားဒိုတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။