Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Drug Seizures

ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၂၀၂ ဒသမ ၅ သိန်းတန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၂၀၂ ဒသမ ၅ သိန်းတန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ နေပြည်တော်၊ မတ် ၂၀ မတ်လ ၁၇ ရက်နေ့ ည ၁၁ နာရီအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်

ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၂၀၂ ဒသမ ၅ သိန်းတန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၂၀

မတ်လ ၁၇ ရက်နေ့ ည ၁၁ နာရီအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာ အုပ်စု၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် ကျိုင်းတုံမြို့နယ်၊ ပန်ယောင်းရွာနေ အပေါ(၃၅)နှစ် မောင်းနှင် လာသော HONDA WAVE I 110  မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ရှေ့ ခွကြားတွင် ဆာလာအိတ်ဖြင့် ထည့်သွင်းသယ်ဆောင်လာသည့် ဘိန်းစိမ်း ၄၀ ဒသမ ၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၀၂ ဒသမ ၅ သိန်း)အား ဖမ်းဆီး ရမိသဖြင့် အပေါအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။