ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၄၂ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ နေပြည်တော်၊ ဧပြီ ၃ ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရ
ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၄၂ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော်၊ ဧပြီ ၃
ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်ကျွန်ကျေးရွာနေ စိုင်းလုံတစ်(ခ)စိုင်းပုံ(၅၂)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၄၂ သိန်း)အား ဖမ်းဆီးရမိသဖြင့် စိုင်းလုံတစ်(ခ)စိုင်းပုံအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
