ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ နေပြည်တော်၊ မေ ၁၅ မေလ ၁၃ ရက်နေ့ ည ၆ နာရီအချိန် မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ
ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ
နေပြည်တော်၊ မေ ၁၅
မေလ ၁၃ ရက်နေ့ ည ၆ နာရီအချိန် မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအနီး ကျိုင်းတုံ-တာချီလိတ်သွားလမ်းတွင် မိုင်းဖြတ်မြို့နယ်၊ ဟိုပန်လောင်းကျေးရွာနေ ကျက(၄၃)နှစ် မောင်းနှင်ပြီး မိုင်းဖြတ်မြို့နယ်၊ ရှဲန်ဖုန်းကျေးရွာနေ ကျရှီး(၂၃)နှစ် လိုက်ပါလာသော HONDA WAVEi 110 အမျိုးအစား မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ ၂ ဦးသယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၃၀၀)အား ဖမ်းဆီးရမိသဖြင့် ကျကနှင့် ကျရှီးတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
