ကျိုက်ထိုမြို့နယ်နှင့် မကွေးမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး ဖမ်းဆီးရမိ နေပြည်တော်၊ ဇွန် ၇ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ ဇွန်လ ၅ ရက်နေ့
ကျိုက်ထိုမြို့နယ်နှင့် မကွေးမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး ဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန် ၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ ဇွန်လ ၅ ရက်နေ့ က လိုင်စင်မဲ့မော်တော်ယာဉ် ၁ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၅ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စစ်တောင်းတံတားသစ်အနီး၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကျိုက်ထိုမြို့ဘက်မှ ပဲခူးမြို့ဘက်သို့ ပဲခူးမြို့နေ အောင်ဖြိုးဝေ(၃၃)နှစ် မောင်းနှင်လာသော YGN-14 1J-6871 HONDA FIT မော်တော်ယာဉ်အား စစ်ဆေးခဲ့ရာ အဆိုပါယာဉ်နှင့် ပတ်သက်သည့်အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် အောင်ဖြိုးဝေအား သိမ်ဇရပ်နယ်မြေ ရဲစခန်း (ပ)၇၇/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ ဖြင့်လည်းကောင်း။
အလားတူ ညနေ ၅ နာရီခွဲအချိန်တွင် မကွေးမြို့ဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မကွေး နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက် နေစဉ် ကံပြားကျေးရွာဘက်မှ မကွေးမြို့ဘက်သို့ ချောက်မြို့နယ်၊ ဂွေးချိုကျေးရွာနေ ဇင်ဖြိုး(၃၀)နှစ် မောင်းနှင်လာသော YGN-12 5H/xxxx Honda Insight ယာဉ်အား စစ်ဆေးခဲ့ရာ အဆိုပါယာဉ်နှင့် ပတ်သက်သည့်အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ဇင်ဖြိုးအား မကွေးနယ်မြေရဲစခန်း (ပ)၆၂/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
